မက္ကဆီကိုနိုင်ငံအနောက်တောင်ပိုင်းရှိ ဂယ်ရဲရိုပြည်နယ်ရဲ့ အက်ကာပူလ်ကိုအပန်းဖြေ ကမ်းရိုးတန်းမြို့မှာ ဇူလိုင် ၁၆ ရက်က သတင်းထောက် နယ်လ်ဆွန်မတ်ဆူ သေဆုံးခဲ့ရတယ်လို့ ပြည်တွင်းမီဒီယာတွေမှာ သတင်းဖော်ပြပါတယ်။
လိုရီရဲယ်ဒီဂယ်ဟေရိုသတင်းဌာနရဲ့ ဒါရိုက်တာဖြစ်သူ မတ်ဆူဟာ စတိုးဆိုင်တခုရဲ့ ကားပါကင်ထဲက သူ့ရဲ့ကားပေါ်မှာ ပစ်သတ်ခံခဲ့ရတာလို့ အယ်လ်ယူနီဗာဆယ်သတင်းစာက ဖော်ပြခဲ့ပါတယ်။
အရင်တုန်းကလည်း မတ်ဆူဟာ သူ့ကိုလုပ်ကြံသတ်ဖြတ်မဲ့ ကြိုးပမ်းမှု နှစ်ခုကနေ လွတ်မြောက်ခဲ့ဖူးတယ်လို့ ဒေသဆိုင်ရာ မီဒီယာတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်မှာ မက္ကဆီကိုသတင်းစာ လာဟော်နာဒါရဲ့ သတင်းထောက် လူဝီမာတင်ဆန်းချက်ဇ်လည်း နာယာရစ်ပြည်နယ်မှာ ပျောက်ဆုံးသွားပြီးနောက် သူ့ရဲ့ရုပ်အလောင်းကိုသာ ပြန်ရှာတွေ့ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်အတွင်း မက္ကဆီကိုဟာ ကမ္ဘာပေါ်မှာ သတင်းထောက်သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်တယ်လို့ သတင်းမီဒီယာစောင့်ကြည့်ရေး အဖွဲ့တခုဖြစ်တဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Source - Reuters