၂၀၂၃ ကွန်ကာကပ်ဖ် ရွှေဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို ဇူလိုင် ၁၇ ရက် မနက်ပိုင်းက ယှဥ်ပြိုင်ကစားခဲ့ရာ မက္ကဆီကိုအသင်းက ပနားမားအသင်းကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။
မက္ကဆီကိုအတွက် တလုံးတည်းသော အနိုင်ဂိုးကို လူစားဝင်တိုက်စစ်မှူး ဂျီမီနက်က တန်ပြန်တိုက်စစ်ကနေတဆင့် ပွဲချိန် ၈၈ မိနစ်မှာ သွင်းယူခဲ့ပါတယ်။
ပြိုင်ပွဲရဲ့ အကောင်းဆုံးဆုတွေဖြစ်တဲ့ အကောင်းဆုံးကစားသမားဆုကို ပနားမားအသင်း ကွင်းလယ်လူ ကာရက်စကီလီယာ၊ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို အမေရိကန်တိုက်စစ်မှူး ဖရာရီလာ၊ အကောင်းဆုံးဂိုးသမား ရွှေလက်အိတ်ဆုကို မက္ကဆီကိုဂိုးသမား အိုချိုအာနဲ့ အသန့်ရှင်းဆုံးအသင်းဆုကို အမေရိကန်အသင်းက ရရှိခဲ့ပါတယ်။
မက္ကဆီကိုဂိုးသမား အိုချိုအာဟာ ကွန်ကာကပ်ဖ်ရွှေဖလားကို ၅ ကြိမ်ထိ ဆွတ်ခူးထားပြီး ကစားသမားတွေထဲမှာ အများဆုံးဖြစ်ပါတယ်။
မက္ကဆီကိုအသင်းဟာ ကွန်ကာကပ်ဖ်ရွှေဖလားပြိုင်ပွဲ သမိုင်းတလျေှာက် အများဆုံးအဖြစ် ၉ ကြိမ်ထိ ဆွတ်ခူးထားပါတယ်။
ပနားမားအသင်းဟာ ကွန်ကာကပ်ဖ်ရွှေဖလားဗိုလ်လုပွဲကို ၃ ကြိမ် တက်ရောက်နိုင်ခဲ့ပေမဲ့ ၃ ကြိမ်လုံး ရှုံးနိမ့်ပြီး ဒုတိယသာ ရရှိခဲ့ပါတယ်။