၂၀၂၃ ဥရောပ ယူ-၁၉ ပြိုင်ပွဲ ဗိုလ်လုပွဲကို ဇူလိုင် ၁၇ ရက် မနက်အစောပိုင်းက မော်လ်တာနိုင်ငံမှာ ယှဥ်ပြိုင်ကစားခဲ့ရာ အီတလီ ယူ-၁၉ အသင်းက ပေါ်တူဂီ ယူ-၁၉ အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ဗိုလ်စွဲခဲ့ပါတယ်။
အီတလီအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပထမပိုင်းပွဲချိန် ၁၉ မိနစ်မှာ လူးဝစ်ဟာဆာရဲ့ ဖြတ်တင်ပေးမှုကနေ တိုက်စစ်မှူး ကာရိုဒီက ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အီတလီ ယူ-၁၉ အသင်းဟာ ၂၀၀၃ ဥရောပ ယူ-၁၉ ချန်ပီယံဖြစ်ပြီးကတည်းက ဆုဖလား ရယူနိုင်ခြင်း မရှိတော့ဘဲ အခုမှ ဆုဖလား ပြန်လည်ရရှိခဲ့တာကြောင့် နှစ် ၂၀ ကြာ ဆုဖလားလက်မဲ့မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
အီတလီအသင်းဟာ အုပ်စုပွဲမှာ ပေါ်တူဂီကို ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်မှုကို ဗိုလ်လုပွဲမှာ အနိုင်ယူပြီး ပြန်လည်ခြေဖျက်ခဲ့တာပါ။
၂၀၂၃ ဥရောပ ယူ-၁၉ ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးဆုကို စပိန်ကစားသမား ဘာဘိုဆာက သွင်းဂိုး ၅ ဂိုးနဲ့ ရယူခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံးဆုတွေကိုတော့ ၂၀၁၈ ကတည်းက ပေးအပ်ခဲ့ခြင်း မရှိတော့ပါဘူး။
ပေါ်တူဂီ ယူ-၁၉ အသင်းဟာ ဥရောပ ယူ-၁၉ ပြိုင်ပွဲ ဗိုလ်လုပွဲကို ၆ ကြိမ် တက်ရောက်နိုင်ခဲ့ပေမဲ့ ၁ ကြိမ်သာ ဗိုလ်စွဲခဲ့ပါတယ်။