ဆော်ဒီကလပ် အယ်လ်အစ်တီဖက်အသင်းရဲ့ နည်းပြ စတီဖင်ဂျရတ်ဟာ ကမ္ဘာ့စတုတ္ထမြောက် လုပ်ခအများဆုံး နည်းပြတယောက် ဖြစ်လာပါတယ်။
လီဗာပူးဂန္ထဝင် ဂျရတ်ဟာ လူ့အခွင့်အရေးချိုးဖောက်မူတွေရှိတဲ့ ဆော်ဒီနိုင်ငံဆီ သွားရောက်အလုပ်မလုပ်ဖို့ တားဆီးကန့်ကွက်မှုတွေကြားကနေ သွားရောက်ခဲ့တာပါ။
သူဟာ တစ်နှစ်လုပ်ခ ပေါင် ၁၅ ဒသမ ၂ သန်းရရှိပြီး အသင်းနဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုထားတာပါ။
ဒီပမာဏဟာ တစ်နှစ်လုပ်ခပေါင် သန်း ၃၀ ရရှိနေတဲ့ အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီ၊ ပေါင်သန်း ၂၀ ရရှိနေတဲ့ မန်စီးတီးနည်းပြ ဂွာဒီယိုလာ၊ ပေါင် ၁၆ သန်းရရှိနေတဲ့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်တို့ပြီးရင် စတုတ္ထမြောက် လုပ်ခအများဆုံးနည်းပြဖြစ်စေခဲ့တာပါ။
အသက် ၄၃ နှစ်ရှိ နည်းပြဂျရတ်ဟာ လီဗာပူးလူငယ်အသင်းနည်းပြရာထူးကနေ ၂၀၁၈ ခုနှစ်မှာ ရိန်းဂျားစ်၊ ၂၀၂၁ ခုနှစ်မှာ အက်စတန်ဗီလာအသင်းတွေကို တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။