အင်္ဂလန်ဒိုင်လူကြီး မိုက်ဒိန်းဟာ အင်္ဂလန်ဘောလုံးလိဂ်နဲ့ ၂၈ နှစ်ကြာခရီးကို အဆုံးသတ်ပြီး ဒိုင်လူကြီးအဖွဲ့ကနေ နုတ်ထွက်သွားပါတယ်။
မိုက်ဒိန်းဟာ ပြီးခဲ့တဲ့ရာသီက ကွင်းအတွင်းမှာကိုင်တွယ်ခြင်း မပြုခဲ့ပေမဲ့ VARဒိုင်လူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။
အသက် ၅၅ နှစ်ရှိ ဒိုင်လူကြီး မိုက်ဒိန်းဟာ VAR စနစ်ကို ကိုင်တွယ်ရာမှာ ကျွမ်းကျင်မှုအားနည်းချက်တွေရှိကြောင်း သိမြင်လာပြီးနောက်မှာ ဒိုင်လူကြီးအဖွဲ့ အရာရှိချုပ် ဟောင်းဝါ့ဒ်ဝက်ဘ်နဲ့ ဆွေးနွေးပြီး နုတ်ထွက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
သူဟာ ၂၀၀၀ ပြည့်နှစ်က ပရီးမီးယားလိဂ်ပွဲစဉ်တွေကို စတင်တာဝန်ယူခွင့်ရခဲ့ပြီး နိုင်ငံတ ကာပွဲစဉ်တွေ အပါအဝင် စုစုပေါင်းပွဲ ၅၅၀ ခန့်တာဝန်ယူခဲ့ပါတယ်။
မိုက်ဒိန်းရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုပြီး ဒိုင်လူကြီးတွေနဲ့ လိဂ်ပြိုင်ပွဲတစ်ခုလုံးအတွက် ကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေကို မှတ် တမ်းတင်ကြောင်း၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တာတွေကို ကျေးဇူးတင်ပြီး အနာဂတ်မှာ အဆင်ပြေပါစေကြောင်း ပရီးမီးယားလိဂ်ဒိုင်လူကြီးများအဖွဲ့ PGMOL ကသတင်းထုတ်ပြန်ခဲ့ပါတယ်။