ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ လာမယ့်၂၀၂၅ ခုနှစ်မှာ Nike ကုမ္ပဏီကထုတ်လုပ်ပေးတဲ့ ဘောလုံးကို အသုံးပြု တော့မှာမဟုတ်ဘဲ Puma ကုမ္ပဏီထုတ်ဘောလုံးကိုစတင်အသုံးပြုတော့မှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ ၂၀၀၀ ပြည့်နှစ်ကစတင်ပြီး Nike အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီက ထုတ်လုပ်ပေးတဲ့ Geo Merlin အမည်ရှိဘောလုံးကို အသုံးပြုခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်က ၆ နှစ်စာချုပ် ထပ်မံသက်တမ်းတိုးခဲ့တာပါ။
၂၀၂၅ ခုနှစ်မှာ Nike နဲ့ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်အနေနဲ့ Puma နဲ့ အကျိုးအမြတ်ပိုများမဲ့ စာချုပ်ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာပါ။
Puma ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အီတလီစီးရီးအေနဲ့ စပိန်လာလီဂါပြိုင်ပွဲတွေမှာလည်း ပွဲကစားမယ့်ဘောလုံးတွေကို စတင်ပံ့ပိုးကူညီခဲ့ပါတယ်။
Nike အနေနဲ့ ပရီးမီးယာလိဂ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ အခွင့်အရေးရှိပေမဲ့ တခြားကိစ္စတွေမှာ အဆင်မပြေခဲ့တာကြောင့် နောက်ဆုတ်ခဲ့တာဖြစ်ကြောင်း The Athletic သတင်းမှာဖော်ပြခဲ့ပါတယ်။