တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၂၊ ဖက်ဒရယ်စစ်ကြောင်း အပတ်စဥ် ၄ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဇူလိုင် ၁၂ ရက်မှာ ဖက်ဒရယ်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
သင်တန်းဆင်းပွဲမှာ ပြည်သူ့ကာကွယ်ရေးအလံတော်ကို အလေးပြုတာ၊ သဝဏ်လွှာဖတ်ကြားတာ၊ သစ္စာရေသောက်တာနဲ့ သင်တန်းကာလ ထူးချွန်ဆုရ ရဲဘော်တွေကို ဆုချီးမြှင့်တာ စတဲ့အစီအစဥ်တွေနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဖက်ဒရယ်စစ်ကြောင်းဟာ သက်တမ်းတနှစ်ကျော်ကာလအတွင်း အပတ်စဥ် ၄ ခုအထိ သင်တန်းဆင်းနိုင်ခဲ့ပြီး ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှု ဆောင်ရွက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မူဝါဒအရ ဖွဲ့စည်းထားတဲ့ တပ်ရင်းတခု ဖြစ်ပါတယ်။
Photo-ဖက်ဒရယ်စစ်ကြောင်း