တိုက်စစ်မှူး လူကာကူအနေနဲ့ လေ့ကျင့်ရေးပြန်ဆင်းဖို့ ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက သတိပေးသွားပါတယ်။
လူကာကူဟာ မနှစ်ကရာသီမှာ အင်တာမီလန်အသင်းဆီ တစ်ရာသီအငှားထွက် ကစားခဲ့တာပါ။ အခုနှစ်ရာသီမှာတော့ ချဲလ်ဆီးအသင်းဆီ ပြန်လာရမှာဖြစ်ပေမဲ့ အသင်းပြောင်းရွှေ့လိုတာကြောင့် လေ့ကျင့်ရေးပြန်မဆင်းတော့ဖို့ လူကာကူက ဆုံးဖြတ်ထားတာပါ။
ဒါပေမဲ့ ချဲလ်ဆီး နည်းပြသစ် ပိုချက်တီနိုကတော့ လူကာကူအနေနဲ့ အသင်းပြောင်းရွှေ့လိုသည် ဖြစ်စေ အလုပ်သဘောတရားအရ အသင်းဆီ ပြန်လည်သတင်းပို့ရမယ့် တာဝန်ရှိကြောင်း၊ ဇူလိုင် ၁၂ရက် နဲ့ ၁၃ရက်မှာ အသင်းနဲ့ အတူလေ့ကျင့်ခန်းဆင်းဖို့လိုအပ်ကြောင်း ပြောသွားပါတယ်။
လူကာကူကို ခေါ်ယူဖို့ အင်တာမီလန်အသင်းက ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းဖို့ရှိပြီး အေစီမီလန်အသင်းကလည်း အပြိုင်ခေါ်ယူဖို့ စီစဉ်နေပါတယ်။