တူရကီသမ္မတ တေယစ်အာဒိုဂံက မြောက်အတ္တလန္တိတ် စစ်မဟာမိတ်အဖွဲ့ (နေတိုး) မှာ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရေး ဆွီဒင်ရဲ့ကြိုးပမ်းမှုကို လွှတ်တော်မှာတင်ပြဖို့ သဘောတူခဲ့ပြီလို့ နေတိုးအတွင်းရေးမှူးချုပ် ယန်းစ် စတော့တန်ဘာ့ဂ်က ဗီးလ်နီးယပ်စ်မြို့မှာ ကျင်းပမယ့် နေတိုး ထိပ်သီးအစည်းအဝေး အကြိုနေ့ဖြစ်တဲ့ ဇူလိုင် ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
ဆွီဒင်က နေတိုးအဖွဲ့မှာ ပါဝင်ခွင့်ရမယ့် အချိန်အတိအကျကို တူရကီ အမျိုးသားလွှတ်တော်က အတည်ပြုရမှာဖြစ်ပြီး အတည်ပြုမယ့်ရက် ပြောဖို့ကိုတော့ စတော့တန်ဘာ့ဂ်က ငြင်းဆိုခဲ့ပါတယ်။
ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့ဟာ ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်လာမှုကြောင့် လုံခြုံရေးဆိုင်ရာ ထည့်သွင်းစဉ်းစားချက်တွေကို ပြန်လှန်သုံးသပ်လာခဲ့ကြတာပါ။
ဆယ်စုနှစ်တွေတလျှောက် ကြာမြင့်ခဲ့တဲ့ စစ်အေးခေတ်ကာလမှာ မဟာမိတ်မဟုတ်တဲ့ စစ်ဘက်မလိုက်ရေးမူဝါဒတွေကို ဘေးဖယ်ထားပြီး ဆွီဒင်နဲ့ ဖင်လန်တို့ဟာ နေတိုးအဖွဲ့ဝင် ဖြစ်ဖို့ လျှောက်ထားခဲ့ကြပါတယ်။
မဟာမိတ်အဖွဲ့အတွက် လျှောက်လွှာတွေကို နေတိုးအဖွဲ့ဝင်အားလုံးက အတည်ပြုရမှာဖြစ်ပြီး ဖင်လန်နိုင်ငံကို ဧပြီလမှာ ရှေ့တန်းတင်ခွင့်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဆွီဒင်ရဲ့ အားထုတ်ကြိုးပမ်းချက်ကို လမ်းရှင်းပေးဖို့ နေတိုးအဖွဲ့ဝင် တူရကီနဲ့ ဟန်ဂေရီတို့က ငြင်းဆိုခဲ့ကြပါတယ်။
Source - Reuters