ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ငလပွေ့ရပ်ကွက်၊ ငလပွေ့ချောင်းမှာ ကလေးငယ်နှစ်ယောက် ရေနစ် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၈ ရက်နေ့ ညနေပိုင်းကတည်းက ကလေး နှစ်ယောက် ရေဆင်းကူးရာမှ ပျောက်ဆုံး သွားခဲ့တာပါ။
ပျောက်ဆုံးပြီးကတည်းက မြို့ခံတွေနဲ့ ပရဟိတအသင်းတွေက ရှာဖွေကြရာ ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းမှ အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
သေဆုံးသွားတဲ့ မောင်ညီညီဝင်းနဲ့ မောင်ပုတုတို့ဟာ ၆ တန်းကျောင်းသားတွေ ဖြစ်ပါတယ်။
ကျောက်ဖြူမြို့ခံ တဦးက “ကလေးတွေက ချောင်းကိုဖြတ်ပြီး ရေဆင်းကူးကြတာလို့တော့ သိရတယ်။ ပျောက်သွားတယ့် ညပိုင်းကတည်းက ရှာနေကြတာ ဒီမနက်မှ အလောင်းပြန်တွေ့တယ်” လို့ ပြောပါတယ်။
ကျောက်ဖြူမြို့နယ် ကျောက်ဖြူမြစ်နဲ့ ငလပွေ့ချောင်းတို့မှာ ရေနစ်သေဆုံးမှုတွေ မကြာခဏ ဖြစ်ပွါးလေ့ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။