လာမယ့် သီတင်းပတ်မှာတွေ့ဆုံမယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တခြားမဟာမိတ် ခေါင်းဆောင်တွေကို ကာကွယ်ဖို့ အဆင့်မြင့်လက်နက်တွေနဲ့ ကာကွယ်ထားတဲ့ ခံတပ်အဖြစ် လစ်သူအေးနီးယားနိုင်ငံနဲ့ ဘဲလာရုစ်နိုင်ငံကြား နယ်စပ်ကနေ မိုင် ၂၀ အကွာက ဗီးလ်နီးယပ်စ်မြို့ကို မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးက အသွင်ပြောင်းခဲ့ပါတယ်။
လစ်သူယေးနီးယားအစိုးရဟာ လတ်ဗီးယားနဲ့ ပိုလန်ကအရာရှိတွေ အများအပြားပါတဲ့ နယ်ခြားစောင့်တပ်တွေကို ဘီလာရုစ်နဲ့ ရုရှားနယ်စပ်မှာ အရင်ထက်သုံးဆတိုးပြီး ချထားလိုက်ပါတယ်။
ဗီးလ်နီးယပ်စ်မြို့ကို ကင်းလှည့်ရာမှာကူညီဖို့ ပိုလန်နဲ့ လတ်ဗီယာနိုင်ငံရဲတပ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။
ရုရှားရဲ့ မဟာမိတ် ဘဲလာရုစ်နိုင်ငံက ရုရှားရဲ့ ဝဂ္ဂနာ ကြေးစားစစ်တပ်နဲ့ ရုရှားရဲ့ နျူကလီးယားလက်နက်တွေကို လက်ခံထားဖို့ ကမ်းလှမ်းထားလို့ ဘီလာရုစ်နယ်စပ်အနားက ရွာတွေက ဒေသခံတွေက သူတို့ လုံးဝလုံခြုံတယ်လို့ ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။
ဗီးလ်နီးယပ်စ်လေဆိပ်မှာ ဂျာမန်နိုင်ငံထုတ် ပက်ထရီရော့ ဒုံးကျည်ပစ်စင် ၈ စင်းကို ရုရှားနိုင်ငံ ကလီနင်ဂရက်မြို့ဆီ ဦးတည်ပြီး အသင့်ပြင်ထားတာကို တွေ့ရပါတယ်။ နောက်ထပ် ဒုံးကျည်ပစ်စင် ၂ ခုကတော့ ဘီလာရုစ် နိုင်ငံဘက်ကို ဦးတည်နေပါတယ်။
ဒုံးကျည်ပစ်စင် အားလုံးကို ဇူလိုင် ၇ ရက် နံနက်ကတည်းက စပြီး ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။
ရုရှားနိုင်ငံကနေ ၉၄ မိုင်ပဲကွာဝေးပြီး ဇူလိုင် ၁၁ ရက်ကနေ ၁၂ ရက်အထိ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးကို ကာကွယ်ဖို့ နေတိုးမဟာမိတ် ၁၆ နိုင်ငံက တပ်ဖွဲ့ဝင် ၁,၀၀၀ လောက် လစ်သူအေးနီးယား နိုင်ငံဆီ စေလွှတ်ထားပါတယ်။
ဒါ့အပြင် ဘောလ်တစ်ဒေသ နိုင်ငံတွေမှာ ချို့တဲ့နေတဲ့ ခေတ်မီလေကြောင်းရန်ကာကွယ်ရေးစနစ် များစွာကိုလည်း ပံ့ပိုးပေးထားပါတယ်။
Source-Reuters