ခရိုင်းမီးယားမှာ အခုနှစ် မတ်လကတည်းက ရေငုပ်သမားတွေတွေ့ရှိခဲ့ရတဲ့ ဒုတိယကမ္ဘာစစ်ရဲ့ အကြွင်းအကျန် ပစ္စည်းပေါင်း ၁၀၀၀ နီးပါးလောက်ကို ရေပေါ်ဆယ်ယူ ဖျက်ဆီးခဲ့တဲ့ ဗီဒီယိုကို ရုရှားနိုင်ငံ အရေးပေါ် ဝန်ကြီးဌာနက ဇူလိုင် ၇ ရက်မှာ ထုတ်ပြခဲ့ပါတယ်။
“ရေငုပ်သမားတွေက ပင်လယ်ကြမ်းပြင်ကနေ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း ၉၂၅ ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး မကြုံစဖူး အရေအတွက်လည်း ဖြစ်တယ်”လို့ ရုရှားအရေးပေါ်ဝန်ကြီးဌာနရဲ့ စာနယ်ဇင်းရှင်းလင်းရေး အကြီးအကဲ မာရီယာ တီမိုရှန်ကိုက ပြောပါတယ်။
ရှာဖွေတွေ့ရှိမှုအားလုံးကို လေဖြည့်အိတ်တွေ အကူအညီနဲ့ ရေအနက်ဆုံးကနေ သယ်ဆောင်ခဲ့ ပြီးတော့ ကမ်းခြေထိ ယူဆောင်သွားခဲ့တာလို့လည်း ဆိုပါတယ်။
ခဲယမ်းတွေကို ရေထဲက သေသေချာချာထုတ်ယူပြီး အထူးယာဉ်ပေါ် တင်ပေးလိုက်ကြောင်းနဲ့ ဘေးကင်းရေးသတိပေးချက် အားလုံးကို လိုက်နာဆောင်ရွက်ခဲ့ပါတယ် လို့ ပြောပါတယ်။
ရေငုပ်သမားတွေဟာ ဒုတိယကမ္ဘာစစ်အပြီးတုန်းက ဂျာမန်နဲ့ ဆိုဗီယက်တို့က ထုတ်လုပ်တဲ့ အမြောက်တွေနဲ့ မော်တာကျည်တွေ၊ လက်ပစ်ဗုံးတွေအပါအဝင် ပင်လယ်နက်အောက်ခြေရှိ ဖောက်ခွဲရေးပစ္စည်းတွေကို ဖယ်ရှားဖို့ ဆီဗက်စ်တိုပိုလ် ကမ်းခြေအနီးရှိ ဂီလ်ဇော့ဗားယာ ပင်လယ်အော်မှာ ၃ နှစ်ဆက်တိုက် လုပ်ကိုင်ခဲ့ကြတာပါ။
သူတို့အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပေါက်ကွဲစေတတ်တဲ့ အရာဝတ္ထုပေါင်း ၆၀၀၀ ကျော်ကို ဖယ်ရှားဖျက်ဆီးခဲ့ပါတယ်။
Source-Reuters