ကိုလံဘီယာအစိုးရနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီးနောက် လက်နက်တွေ ပြန်လည်အပ်နှံခဲ့တဲ့ FARC သူပုန်ဟောင်းများအဖွဲ့ရဲ့ လူသိများတဲ့ ခေါင်းဆောင် အိုင်ဗန်မားကွက်ဇ်ဟာ ဗင်နီဇွဲလားမှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း နီးစပ်တဲ့ သတင်းရင်းမြစ် ၂ ခုက ရိုက်တာသတင်းဌာနကို ဇူလိုင် ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံရဲ့ နှစ် ၆၀ နီးပါးကြာ ပဋိပက္ခတွေမှာ FARC သူပုန်တွေရဲ့ အခန်းကဏ္ဍကို အဆုံးသတ်စေတဲ့ ၂၀၁၆ သဘောတူညီချက်အရ ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ (FARC) မှ အဖွဲ့ဝင်အများစုကို ဖျက်သိမ်းလိုက်ပေမဲ့ အဓိကအုပ်စု ၂ ခုက ဖျက်သိမ်းဖို့ကို ငြင်းဆိုထားပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပြောကြားချက်အရ အဲဒီ ၂ ဖွဲ့ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ တရားမဝင် သတ္တုတူးဖော်မှုတွေမှာ ဆက်ပါဝင်နေတယ်လို့ သိရပါတယ်။
FARC သူပုန်ဟောင်းများအဖွဲ့ခေါင်းဆောင် မားကွက်ဇ်ကို ပြိုင်ဘက် FARC အတိုက်အခံ အဖွဲ့ရဲ့ ခေါင်းဆောင် အိုင်ဗန် မော်ဒစ်ကိုက ဦးဆောင်တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်ကြောင်း လုံခြုံရေးသတင်းရင်းမြစ်တွေအရ သိရပါတယ်။
မားကွက်ဇ် သေဆုံးမှုနဲ့ပတ်သက်ပြီး တရားဝင် သတင်းမရသေးကြောင်း ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီး အိုင်ဗန် ဗေလာစ်ကွက်ဇ်က သတင်းထောက်တွေကို ပြောပါတယ်။
Source - Reuters