အင်ဒိုနီးရှားနိုင်ငံမှာ ဓာတ်လှေကားမတော်တဆဖြစ်ပြီး ဆောက်လုပ်ရေးလုပ်သား ၇ ဦးသေဆုံးကာ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ဇူလိုင် ၆ ရက်မှာ ပြောပါတယ်။
ဘန်ဒါလမ်ပူပြည်နယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ဇူလိုင် ၅ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီလောက်က ဖြစ်ပွားခဲ့တာပါ။
အလုပ်သမား ၉ ဦး လိုက်ပါလာတဲ့ ကုန်တင်ဓာတ်လှေကားဟာ အဆောက်အဦရဲ့ ငါးလွှာကနေ အောက်ဘက်ကို အရှိန်ပြင်းပြင်းနဲ့ ကျခဲ့တာလို့ ဘန်ဒါလမ်ပူ မြို့မရဲစခန်းမှ မှုခင်းစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ ဒန်းနစ်အာရာပူထွာက ဆိုပါတယ်။
မှုခင်းစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲက “အလေးချိန်ပိုနေပြီး ပြုတ်ကျတာလို့ သံသယရှိတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရသူအားလုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီး နီးစပ်ရာ ဆေးရုံတွေကို လွှဲပြောင်းပေးခဲ့ပါတယ်။
Source - Xinhua