ငယ်စဉ်ကတည်းက မန်ယူတိုက်စစ်မှူးဟောင်း စီရော်နယ်ဒိုရဲ့ ဖရီးကစ်ကန်သွင်းပုံကို အတုယူခဲ့ ကြောင်း မန်ချက်စတာယူနိုက်တက်ကစားသမားသစ် မေဆန်မောင့်က ပြောပါတယ်။
မေဆန်မောင့်ဟာ ၂၀၀၈ ခုနှစ် သူ့ အသက် ၁၀ နှစ်လောက် အရွယ်က ပို့စ်မောက်အသင်းဘက်ကို သွင်းယူခဲ့တဲ့ စီရော်နယ်ဒိုရဲ့ ဖရီးကစ်သွင်းဂိုးကို အတုယူပြီး လေ့ကျင့်ရေးကွင်းမှာ ဂိုးသွင်းပြခဲ့တာပါ။
အဲဒီဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ နေပြီး ငယ်စဉ်ကတည်းက ဖရီးကစ် ကန်သွင်းပုံကောင်းမွန်တဲ့ မေဆန်မောင့်ကို ချီးကျူးခဲ့ကြတာပါ။
ယူနိုက်တက်တီဗီနဲ့ အင်တာဗျူးမှာတော့ အဲဒီ ဖရီးကစ်ကန်သွင်းပုံ ဗီဒီယိုအကြောင်း မေးမြန်းခဲ့ရာမှာ ရော်နယ်ဒိုရဲ့ ကန်သွင်းပုံကို အတုယူခဲ့ကြောင်း မေဆန်မောင့်ကပြန် လည်ပြောပြခဲ့ပါတယ်။
မေဆန်မောင့်ဟာ စီရော်နယ်ဒိုဝတ်ဆင်ခဲ့တဲ့ ကျောနံ ပါတ် ၇ ဂျာစီကို ဝတ်ဆင်ခွင့်ရခဲ့ပြီး လာမဲ့ပွဲစဉ်တွေမှာ အလားတူ ဖရီးကစ်သွင်းဂိုးတွေ ကန်သွင်းသွားချင်ကြောင်းလည်း ပြောသွားပါတယ်။