အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှာ မိုးကြိုးမတော်တဆမှုတွေကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရပိုင်ရေဒီယိုက ဇွန် ၅ ရက်မှာ ကြေညာပါတယ်။
အိန္ဒိယမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ မိုးကြိုးမုန်တိုင်းတွေ ဇူလိုင် ၄ ရက်က စတင်တိုက်ခတ်ပြီး ဒေသအများအပြား ထိခိုက်ခဲ့ပါတယ်။
မိုးကြိုးပစ်ခတ်ခံရမှုကြောင့် သေဆုံးသူအများစုဟာ လယ်ကွင်းတွေမှာ အလုပ်လုပ်နေတဲ့ တောင်သူတွေ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဇူလိုင် ၁၀ ရက်အထိ ပြည်နယ်ရဲ့ နေရာအနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
၂၀၂၂ ခုနှစ်က အိန္ဒိယနိုင်ငံတဝန်း မိုးကြိုးပစ်မှုတွေကြောင့် လူ ၉၀၇ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
Source - Xinhua