ထိုင်းနိုင်ငံရဲ့ အမျိုးသားညီလာခံဥက္ကဋ္ဌဟောင်း ဝမ်မူဟာမဒ် နူးရ်မာသာကို ထိုင်းလွှတ်တော်အတွင်း အဆိုတင်သွင်းရာမှာ အပြိုင်အဆိုင်မရှိခဲ့လို့ အောက်လွှတ်တော် ဥက္ကဋ္ဌအသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။
ပရာချာချတ်ပါတီခေါင်းဆောင် ဝမ်နူးရ်က လွှတ်တော်ကို မိန့်ခွန်းပြောရာမှာ သူဟာ နိုင်ငံရေးအရ ဘက်မလိုက်ဘဲ တနင်္လာနေ့ လွှတ်တော်သစ်ဖွင့်ပွဲမှာ ဘုရင့်အမိန့်ကို လိုက်နာမယ်လို့ ပြောခဲ့ပါတယ်။
ရွေးကောက်ခံအမတ် ၅၀၀ တက်ရောက်နေတဲ့ အောက်လွှတ်တော်ကနေ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ၁ နဲ့ ဒုဥက္ကဋ္ဌ ၂ နေရာတွေမှာ ရွေးချယ်တင်မြှောက်ဖို့ Move Forward ပါတီခေါင်းဆောင် ဖိထား လိုမ့်ကျရွန်းရတ်က လွှတ်တော်အစည်းအဝေးမှာ ဝမ်နူးကို အဆိုတင်သွင်းခဲ့ပါတယ်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ အောက်လွှတ်တော်ဥက္ကဋ္ဌဟာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌလည်း ဖြစ်လာမှာပါ။
ဘုရင်က ဒီရာထူးကို ထောက်ခံပြီးတဲ့အခါ အောက်လွှတ်တော်မှာ လွှတ်တော်အမတ် ၅၀၀ နဲ့ အထက်လွှတ်တော်က အမတ် ၂၅၀ ပါဝင်တဲ့ လွှတ်တော်ကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးကောက်တင်မြှောက်ဖို့ လွှတ်တော်ဥက္ကဋ္ဌသစ်က ခေါ်ယူမှာဖြစ်ပါတယ်။
အသက် ၇၉ နှစ်အရွယ် ဝမ်မူဟာမဒ်နူးရ်မာထာဟာ အရင်က ထိုင်းနိုင်ငံရဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ၁၉၉၆ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးပါတယ်။
အရင်အစိုးရတွေမှာလည်း ပြည်ထဲရေးဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနတို့ကို ဦးဆောင်ခဲ့ဖူးပါတယ်။
Source - Reuters