တိုက်စစ်မှူးအမ်ဘာပေရဲ့ အနာဂတ်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းသွားမယ်လို့ ပီအက်စ်ဂျီ နည်းပြသစ် လူးဝစ်အင်နရီကေးက ပြောသွားပါတယ်။
အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ နောက်ဆုံး တနှစ်သက်တမ်းသာကျန်ရှိတော့ပြီး လာမယ့်နှစ်ပြီးရင် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ရှိနေတာပါ။
နည်းပြသစ် အင်နရီကေးကတော့ အမ်ဘာပေနဲ့ ဆွေးနွေးပြီးချိန်မှာ ပရော်ဖက်ရှင်နယ် ကျင့်ဝတ်အရ ပြောပြသွားမှာမဟုတ်ပေမဲ့ အသင်းအတွက် အကောင်းဆုံး ဖြစ်လာနိုင်မယ့် လူစာရင်းရရှိဖို့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ် ခါလီဖီကတော့ အမ်ဘာပေအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမှာမဟုတ်ကြောင်း ကတိပေးထားပြီး ပြောထားတဲ့ကတိကို ဖောက်ဖျက်မယ်ဆိုရင် အသင်းရဲ့ အမှားမဟုတ်ကြောင်း ပြောထားပါတယ်။