ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့အနားမှာ အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု ဇူလိုင် ၆ ရက်ညက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
မနေ့ညပိုင်း မြန်မာစံတော်ချိန် ၁၁ နာရီ ၄၂ မိနစ်၊ ၂၈ စက္ကန့်အချိန် ပြည်မြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် ၃၃ မိုင် လောက် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း မြန်အောင်မြို့ရဲ့ မြောက်-အနောက်မြောက်ဘက် ၃ မိုင် ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ်ခတ်သွားတာလို့ ဆိုပါတယ်။
မနေ့မနက်အစောပိုင်း ၄ နာရီကျော်လောက်ကလည်း ချင်းပြည်နယ်၊ ပလက်ဝမြို့အနီးမှာ အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားခဲ့ပါတယ်။
အဆိုပါ မြေငလျင်လှုပ်ခတ်မှုကြောင့် လူတွေထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးဆုံးရှုံးမှုရှိတဲ့ သတင်းတွေကတော့ မကြားသိရပါဘူး။