နည်းပြအန်စလော့တီဟာ ၂၀၂၄ ခုနှစ်မှာ ဘရာဇီးလက်ရွေးစင်အသင်းကို တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
အီတလီနည်းပြ အန်စလော့တီဟာ လက်ရှိအချိန်မှာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ တရာသီ ဆက်လက်ကိုင်တွယ်မှာဖြစ်ပြီး လာမယ့် ၂၀၂၄ ခုနှစ် နွေရာသီမှာ ဘရာဇီးအသင်းကို ပြောင်းလဲတာဝန်ယူသွားမှာပါ။
ဒီသတင်းကို ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အက်နယ်ဒိုရိုဒရီဂွက်ဇ်က အတည်ပြုခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်နောက်ပိုင်း ဘရာဇီးလက်ရွေးစင်အသင်းကို နိုင်ငံခြားသားနည်းပြက ပထမဆုံးအကြိမ် တာဝန်ယူတော့မှာ ဖြစ်ပါတယ်။
ဘရာဇီးအသင်းကို လက်ရှိအချိန်မှာတော့ လူငယ်နည်းပြ ရာမွန်မန်နက်ဇက်က တာဝန်ယူနေတာပါ။
အသက် ၆၄ နှစ်ရှိ အီတလီနည်းပြ အန်စလော့တီဟာ ၂၀၂၁ ခုနှစ်က ရီးရဲလ်မက်ဒရစ်ဆီ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ဥရောပချန်ပီယံလိဂ်ဆုဖလားအပြင် စပိန်လာလီဂါ၊ ကိုပါဒယ်ရေးဖလားနဲ့ ဖီဖာကမ္ဘာကလပ်ချန်ပီယံ ဆုဖလားတွေ ရယူပေးနိုင်ခဲ့ပါတယ်။