ချဲလ်ဆီးအသင်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကာလအတွင်းမှာ အင်္ဂလန်ရဲ့ အခမ်းနားဆုံး အသင်းဖြစ်ကြောင်း နည်းပြ ပိုချက်တီနိုက ပြောသွားပါတယ်။
ပိုချက်တီနိုဟာ လာမယ့်ရာသီမှာ ချဲလ်ဆီးအသင်းကို တာဝန်ယူ ကိုင်တွယ်သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းနဲ့ စတင်ပူးပေါင်းခဲ့ပါတယ်။
ပရီးမီးယားလိဂ်နဲ့ ချဲလ်ဆီးအသင်းရဲ့ အစဉ်အလာကို ကောင်းစွာသိပြီး လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၂ နှစ်၊ ၁၅ နှစ်လောက်အတွင်းမှာဆိုရင် ချဲလ်ဆီးအသင်းက အင်္ဂလန်ရဲ့ အခမ်းနားဆုံးအသင်း ဖြစ်ကြောင်း နည်းပြ ပိုချက်တီနိုက ဆိုပါတယ်။
ချဲလ်ဆီးအသင်းမှာ လွန်ခဲ့တဲ့နှစ်တွေကနဲ့မတူတဲ့ ချဉ်းကပ်မှုတွေနဲ့အတူ လူငယ်ကစားသမားတွေနဲ့ အတူလက်တွဲလုပ်ဆောင်ရမှာက စိတ်လူပ်ရှားစရာ ကောင်းကြောင်းလည်း နည်းပြပိုချက်တီနိုက ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတသင်းဖြစ်ပြီး နည်းပြရာထူးကို လက်ခံဖို့ လွယ်ကူခဲ့ကြောင်းလည်း ပိုချက်တီနိုက ပြောသွားပါတယ်။