လာအိုနိုင်ငံမှာ ဇန်နဝါရီမှ ဇွန်လအထိ ၆ လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၁၉၇ ဦး တွေ့ရှိခဲ့ရပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ လာအိုကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ၆ လအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားနှုန်းဟာ ၂၀၂၂ ခုက ဖြစ်ပွားခဲ့တဲ့ အရေအတွက်နဲ့နှိုင်းယှဥ်ပါက တိုးမြင့်လာတယ်လို့ ဆိုပါတယ်။
အူဒန်စေးပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ပြီး ခမ်းမွန်ခရိုင်၊ ဇာဗရီခရိုင်နဲ့ မြို့တော်ဗီယင်ကျန်းမြို့မှာလည်း ဖြစ်ပွားခဲ့ပါတယ်။
လာအိုနိုင်ငံမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများပြားပေမဲ့ ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ခြင်ကိုက်ခံရခြင်းမှကာကွယ်ဖို့ နည်းလမ်းတွေအကြောင်း ပြည်သူများကို အသိပေးတာကြောင့် သေဆုံးတဲ့အရေအတွက် သိသိသာသာကျဆင်းသွားခဲ့ပါတယ်။
"မိုးရာသီသွေးလွန်တုပ်ကွေးပေါများလာချိန်မှာ ပြည်သူများသတိရှိကျဖို့ တိုက်တွန်းပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းကို လိုက်လျော်ညီထွေဖြစ်စေဖို့ ဗဟိုနဲ့ပြည်နယ် ကျန်းမားရေးဝန်ကြီးဌာနများနဲ့ ပူပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့ဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။
လာအိုကျန်းမာရေးဝန်ကြီးဌာနက သွေးလွန်တုပ်ကွေးရောဂါတိုက်ဖျက်ရာမှာ အရေးကြီးသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ရည်ရွယ်ပြီး ဆရာဝန်နဲ့ သူနာပြုတွေ ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။
source - Daily news central