တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ရေကန်ပေါင်မှာ ဇူလိုင် ၃ ရက် ညပိုင်းက စုံတွဲ တတွဲ လုယက်ခံရပြီး အမျိုးသားဖြစ်သူ ဓားထိုးခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ ည ၉ နာရီကျော်လောက်က အဲဒီကန်ပေါင်မှာ ချိန်းတွေ့နေတဲ့ စုံတွဲဆီကို အမည်မသိ လူ ၂ ယောက် ရောက်လာပြီး ငွေညှစ်ခြိမ်းခြောက်ရာက အမျိုးသားဖြစ်သူက မပေးတဲ့အတွက် ဓားနဲ့ ထိုးသတ်ခဲ့တာလို့ သိရပါတယ်။
ဒေသခံတဦးက "လူ နှစ်ယောက် နှာခေါင်းပိတ် အမည်းနဲ့ပါ။ စုံတွဲက ရေကန်ပေါင် ဘုန်းကြီးကျောင်း အနောက်ဘက်မှာထိုင်နေတာပါ။ ပထမတော့ ပိုက်ဆံတောင်းတာ မပါလို့ ဆိုပြီး ဖုန်းပေးတာကို ဖုန်းမယူဘဲ ဓားနဲ့ထိုးသတ်သွားတာ” လို့ ဆိုပါတယ်။
သေဆုံးသူမှာ အသက် ၂၂ နှစ်အရွယ် ကိုသော်ဇင်ထွန်းဆိုသူဖြစ်ပြီး ဓားထိုးခဲ့ရပြီးနောက် နေရာမှာ သေဆုံးခဲ့တာလို့ သိရပါတယ်။
အခင်းဖြစ်တဲ့နေရာမှာတည်းက သတိတော့ဘဲ မြိတ်ဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်လို့ ချစ်ကြည်ရေးပရဟိတအဖွဲ့ဝင် တယောက်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီး နိုင်ငံတည်ငြိမ်မှု မရှိချိန် မြိတ်မြို့မှာ ခိုးဆိုးလုယက်မှုတွေပို ပေါများလာပြီး လူပြတ်တဲ့နေရာတွေမှာ ဖုန်းလုတာတွေ၊ ရွှေဆွဲကြိုး လုယူတာတွေနဲ့ ဆိုင်ကယ်ခိုးတာတွေ များပြားလာတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-ချစ်ကြည်ရေး ပရဟိတအဖွဲ့