ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ စပါးတိုက်စစ်မှူးဟယ်ရီကိန်းအတွက် ပေါင်သန်း ၈၀နဲ့ ဒုတိယအကြိမ်ကမ်းလှမ်းသွားဖို့ပြင်ဆင်နေပါတယ်။
ပေါင်သန်း ၆၀ လောက်နဲ့ ပထမအကြိမ်ကမ်းလှမ်းချက် ပယ်ချခံခဲ့ရပြီးနောက် ပေါင်သန်း ၈၀ အပါအဝင် ထပ်ဆောင်းအပို ဆုကြေးတွေပါထည့်သွင်းပြီး ကမ်းလှမ်းဖို့ ဘိုင်ယန်အသင်းကစီစဉ်နေတာပါ။
ဟယ်ရီကိန်းဟာ ဈေးကြီးလွန်းကြောင်း ဘိုင်ယန်အသင်း ဥက္ကဋ္ဌ အူလီဟိုးနက်စ်က မှတ်ချက်ပေးခဲ့ဖူးပေမဲ့ လက်ရှိအချိန်မှာတော့ ပြန်လည်စိတ်ဝင်စားလာခဲ့တာပါ။
ဘိုင်ယန်နည်းစနစ်ဒါရိုက်တာဟောင်း မိုက်ကယ်ရက်ရှ်ကီကတော့ ဟယ်ရီကိန်းက ဟာလန်းနဲ့ အမ်ဘာပေတို့နဲ့အတူ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးသုံးဦးစာရင်းဝင်ပြီး ဘိုင်ယန်အတွက် ချန်ပီယံလိဂ်ဆုဖလား ရဖို့ပိုမိုအခွင့်အရေးရှိလာ နိုင်မှာဖြစ်ကြောင်း မှတ်ချက်ပေးပါတယ်။ ပေါင်သန်း ၈၀နဲ့ ဒုတိယအကြိမ်ကမ်းလှမ်းချက်ကိုတော့ စပါးအသင်းဘက်က လက်ခံဆွေးနွေးလိမ့်မယ်လို့ ဘိုင်ယန်အသင်းက ယုံကြည်နေပါတယ်။