ထိုင်းနိုင်ငံအခြေစိုက် ဆေးဝါးကုမ္ပဏီတခုဟာ ဆေးရွက်ကြီးကနေ ကင်ဆာရောဂါကို သက်သာစေတဲ့ ပဋိဇီဝကုထုံးတခုကို တွေ့ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့ ပံ့ပိုးမှုနဲ့ တည်ထောင်ထားတဲ့ Baiya Phytopharm ကုမ္ပဏီဟာ သူတို့ရဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေး အပင်အခြေခံ ဆေးဝါးတွေကြောင့် လူသိများခဲ့တာပါ။
ဓာတုကုထုံးနည်းလမ်းအတိုင်း ကင်ဆာဆဲလ်တွေကို ကုသခဲ့ရာ အပင်အခြေပြု ခုခံအားကုထုံးဟာ ကင်ဆာဆဲလ် ကြီးထွားမှုကို ဟန့်တားဖို့ ပိုပြီးအထောက်အကူပြုလို့ အခုကုထုံးကို ရှာဖွေခဲ့ကြတာပါ။
ခုခံအားကုထုံးနဲ့ ကင်ဆာရောဂါကုသခြင်းအတွက် သူတို့ရဲ့ ဆေးဝါးသုတေသနအဖွဲ့ကို ထိုင်းနိုင်ငံ အမျိုးသားသုတေသနကောင်စီက ၂၀၂၃ ခုနှစ် တနှစ်တာ သုတေသနဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။
“ထိုင်းနိုင်ငံမှာ ကင်ဆာကုသတဲ့ ကုန်ကျစရိတ်ကို လျှော့ချဖို့ အခုတွေ့ရှိမှုမှ ကုန်ကျစရိတ် သက်သာတဲ့ ပရိုတင်းဓာတ်တမျိုးကို ထုတ်လုပ်သွားမှာပါ” လို့ Baiya Phytopharm တည်ထောင်သူ နည်းပညာအရာရှိချုပ်က ပြောပါတယ်။
ကင်ဆာဆဲလ်အတွက် ခုခံအားကုထုံးဟာ နောက်ပိုင်းမှာ ရေပန်းစားလာပေမဲ့ အသုံးပြုတဲ့ ပဋိပစ္စည်း စျေးကြီးတာ၊ ကုန်ကျစရိတ် မြင့်လာတာကို လျှော့ချနိုင်တော့မှာပါ။
အခုတွေ့ရှိတဲ့ ကုထုံးကို ဩစတြေးလျနိုင်ငံရဲ့ ဌာနေမျိုးရင်းဖြစ်တဲ့ Nicotiana Benthamiana ဆေးရွက်ကြီးပင်က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
Source-Bangkok Post