အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်မှာ မိုးသည်းတာ၊ ရေကြီးတာနဲ့ ဆက်စပ်တဲ့ ဖြစ်ရပ်တွေကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ ဇွန် ၂ ရက်မှာ အိန္ဒိယ မီဒီယာတွေက ဖော်ပြပါတယ်။
မိုးအဆက်မပြတ်ရွာတာကြောင့် ဂူဂျာရတ်ပြည်နယ်ထဲမှာ မြစ်ရေတွေ စိုးရိမ်ရေမှတ်ထက် မြင့်တက်လာပြီး လူနေအိမ်နဲ့ တံတားတွေ ပြိုကြခဲ့ပါတယ်။
သေဆုံးသူထက်ဝက်ခန့်ဟာ ဂျန်နဂါခရိုင်မှာ သေဆုံးခဲ့ပြီး အာမလီခရိုင်၊ ဘိုတက်ခရိုင်နဲ့ အန်နန်ခရိုင်တွေမှာလည်း သေဆုံးတာတွေ ရှိခဲ့ပါတယ်။
ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဘူပင်ဒါရာက ပြည်နယ်ရဲ့ ဆိုးရွားလှတဲ့ အခြေအနေကို ထည့်သွင်းစဥ်းစားနေပြီး ကယ်ဆယ်ရေးလုပ်ငန်းနဲ့ မြေနိမ့်ပိုင်းက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေကို တာဝန်ပေးထားတယ်လို့ ပြောပါတယ်။
အိန္ဒိယမိုးလေဝသက ဇူလိုင် ၅ ရက်အထိ မိုးသည်းထန်နိုင်တဲ့အတွက် ပြည်သူတွေကို ထုတ်ပြန်ချက်တွေ လိုက်နာဖို့ တောင်းဆိုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ အက်တာခန်းပြည်နယ်ရဲ့ နာမည်ကြီး ခရီးသွားဒေသဟာ အလွန်အမင်း မိုးသည်းထန်လို့ အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အိန္ဒိယမှာ မိုးသည်းပြီး မြေပြိုတာကြောင့် လူ ၃ ဦး သေဆုံးပြီး ခရီးသွားလာဖို့ လမ်းတွေပိတ်ထားရတဲ့အတွက် ခရီးသွားအများအပြား သောင်တင်နေပါတယ်။
Source: India Press