စတီဗင်ဂျရတ်ရဲ့ပြောစကားကို လက်မှာတက်တူးထိုးတာကြောင့် ကျောနံပါတ် ၈ ရယူဖို့ ဆုံးဖြတ်ခဲ့တာလို့ လီဗာပူး ကစာသမားသစ် ဆော့လိုစလိုင်းက ပြောပါတယ်။
ဟန်ဂေရီကွင်းလယ်တိုက်စစ်ကစားသမားဟာ ဂျာမန်ကလပ်လိုက်ပ်ဇစ်ကနေ ပေါင်သန်း ၆၀ နဲ့ လီဗာပူးဆီ ပြောင်းရွှေ့လာတာဖြစ်ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။
သူ့ရဲ့ညာဘက်လက်မှာ တချိန်က လီဗာပူးဂန္ထဝင်ကစားသမား စတီဗင်ဂျရတ်ပြော ခဲ့ဖူးတဲ့စကားတချို့ကို ဟန်ဂေရီဘာသာစကားနဲ့ တက်တူးရေးထိုးတာပါ။
“ပါရမီဆိုတာ ဘုရားသခင်ကပေးတဲ့ကောင်းချီးမင်္ဂလာတပါးဖြစ်ပေမဲ့ မယုံနိုင်စရာစိတ်ဆန္ဒနဲ့ လူသားချင်းစာနာမှုမရှိဘူးဆိုရင် တန်ဖိုးရှိမှာမဟုတ်ဘူး” ဆိုပြီး စတီဗင်ဂျရတ်ကပြောခဲ့ဖူးတာပါ။
ဆော့ဘိုင်စလိုင်းဟာ အဲဒီမှတ်ချက်စကားကို နှစ်သက်သဘောကျတာကြောင့် ညာဘက်လက်မှာ တက်တူးရေးထိုးခဲ့တာပါ။
လီဗာပူး အသင်းဟာ နောက်တဆင့်တက်ဖို့အတွက် အပြည့်စုံဆုံးအသင်းဖြစ်ပြီး သမိုင်းအစဉ်လာရှိတဲ့ အသင်းဖြစ်ကြောင်းလည်း ဆော့ဘိုစလိုင်းကအသင်းနဲ့ မိတ်ဆက်ပွဲမှာ ထည့်သွင်းပြောသွားပါတယ်။