လီဗာပူးဂန္ထဝင်ကွင်းလယ်လူ ဂျရတ်နဲ့ နှိုင်းယှဉ်ချီးကျူးခံရတဲ့အပေါ် ပျော်ရွှင်ပေမဲ့ ကိုယ်ပိုင်ကစားဟန်ပဲ ပြသချင်တယ်လို့ ဆော့ဘိုစလိုင်းက ပြောသွားပါတယ်။
ဟန်ဂေရီကွင်းလယ်ကစားသမားဟာ လီဗာပူးမှာ ဂျရတ်ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၈ ဂျာစီကို ဝတ်ဆင်ခွင့်ရခဲ့သလို ဂျရတ်လက်သစ်အဖြစ်လည်း ပရိသတ်တွေက နှိုင်းယှဉ်ချီးကျူးခဲ့ကြတာပါ။
ဘယ်သူနဲ့မှ မတူတဲ့ ကိုယ်ပိုင်ကစားဟန်ပဲ ပြသချင်ပေမဲ့ ဂျရတ်နဲ့ နှိုင်းယှဉ်ချီးကျူးခံရတာကလည်း ပျော်ရွှင်စရာဖြစ်ကြောင်း၊ ဂျရတ်လိုပဲ စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် ပျော်ရွှင်ကျေနပ်မိမှာဖြစ်ကြောင်း ဆော့ဘိုစလိုင်းက ပြောပါတယ်။
ဆော့ဘိုစလိုင်းဟာ သူ့ရဲ့လက်မှာ ဂျရတ်ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းဖြစ်တဲ့ “ပါရမီက ဘုရားပေးတဲ့ဆုလာဘ် ဖြစ်ပေမဲ့ ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ နှိမ့်ချမှုမရှိရင် တန်ဖိုးမရှိဘူး” ဆိုတဲ့စကားကို ဟန်ဂေရီဘာသာ စကားနဲ့ တက်တိုးရေးထိုးထားတာဖြစ်ပါတယ်။
Photo-Reuters