နည်းပြဂျရတ် တာဝန်ယူကိုင်တွယ်နေတဲ့ ဆော်ဒီကလပ် အယ်လ်အစ်တီဖက်အသင်းဟာ မန်ယူတောင်ပံတိုက်စစ်မှူး ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
ဂရင်းဝုဒ်ဟာ ယူနိုက်တက်ကနေ ထွက်ခွာမှာဖြစ်ကြောင်း အသင်းဘက်က အတည်ပြုထားပြီး အသင်းသစ် ရှာဖွေနေတာပါ။
အသက် ၂၁ နှစ်ရှိ ဂရင်းဝုဒ်အနေနဲ့ အတူနေချစ်သူအပေါ် အဓမ္မကျင့်ဖို့ ကြိုးပမ်းမှုနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မူတွေကြောင့် အမျိုးသမီးအသင်းအဖွဲ့တွေရဲ့ ဆန့်ကျင်တာ ခံနေရတာပါ။
ဒီအခြေအနေကြောင့် အင်္ဂလန်ရဲ့ ပြင်ပလိဂ်မှာပဲ ပြောင်းရွှေ့ကစားဖို့ ရှိပါတယ်။ အယ်လ်အစ်တီဖက်အသင်းဟာ ဂျရတ်ရဲ့အကူအညီနဲ့အတူ ဂရင်းဝုဒ်ကိုခေါ်ယူဖို့ ပြင်ဆင်နေပြီး ရက်ပိုင်းအတွင်းမှာ ဆွေးနွေးမှုစတင်ဖို့ ရှိတယ်လို့ သိရပါတယ်။