စစ်တွေမြို့ မင်းဂံရပ်ကွက်နဲ့ တက္ကသိုလ်ကျောင်းအနီးမှာ ဇူလိုင် ၁ ရက်နေ့ နေ့လယ်က သေနပ်နဲ့ပစ်သတ်ခံခဲ့ရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုဥက္ကဋ္ဌ ခိုင်နီရောင်၊ တပ်ရင်းမှူး ခိုင်ကျော်မင်းနဲ့ တပ်သား ခိုင်ကျော်ကျော်နိုင်တို့ ၃ ဦးကို ရက္ခိုင့်တပ်တော်(အေအေ) က လုပ်ကြံသတ်ဖြတ်လိုက်တာလို့ ဇွန် ၂ ရက်နေ့ နေ့လယ်မှာ ALP က ပြောပါတယ်။
ပစ်သတ်ခံရသူ ၃ ဦးဟာ မင်းဂံရပ်ကွက်ရှိ ALP ဥက္ကဋ္ဌ ရုံးက မိုခါကယ်ဆယ်ရေးအတွက် အစည်းအဝေးလုပ်ပြီးအပြန်မှာ စစ်တွေတက္ကသိုလ်အနီးမှာ အေအေ က ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်လိုက်တာလို့ ALP ဘက်က ပြောထားပါတယ်။
အခုလို လုပ်ကြံသတ်ဖြတ်မှာကို ALP အနေ့နဲ့ အရင်ကတည်းက စစ်ရေးသတင်းတွေအရ သိထားရပဲ့မဲ့ မုန်တိုင်းကာလမှာ ကိုယ်လူမျိုးအချင်းချင်း လုပ်ကြုံလိမ့်မယ် မထင်ခဲ့ဘူးလို့ ALP အတွင်းရေးမှူးအဖွဲ့ဝင် ဗိုလ်မှူးခိုင်သူရိန်က ပြောပါတယ်။
"အခုလို လုပ်ကြံသတ်ဖြတ်ဖို့အတွက် ULA ဖက်က ထိပ်ပိုင်ခေါင်းဆောင်တဦးနဲ့ အဖွဲ့တဖွဲ့ရောက်နေတယ်ဆိုတာကို ကျနော်တို့ စစ်ရေးသတင်းတွေအရ သတင်းရရှိထားပါတယ်။ ဒါပေမဲ့ မိုခါမုန်တိုင်းတိုက်ခတ်ပြီး ပြန်လည်ထူထောင်ရေးတွေ လုပ်နေတဲ့အချိန်မှာ ကိုယ်လူမျိုးအ ချင်းချင်း သူတို့ဘက်က မလုပ်နိုင်ဘူးလို့ ထင်ခဲ့တာကြောင့် အခုလို လုပ်ကြံခံလိုက်ရတာ။"
အခုလို ALP ဘက်က စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော်ရဲ့တုံ့ပြန်ချက်ကို ရရှိဖို့ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့က စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စောမြအပါဝင် ထိပ်တန်းအရာရှိ ၃ ဦး အသတ်ခံခဲ့ရပြီး ALP ဘက်က အေအေက လုပ်ကြံသတ်ဖြတ်တာလို့ ပြောဆိုခဲ့ပဲမယ့် အေအေဘက်က ငြင်းဆိုခဲ့ပါတယ်။