တောင်ကိုးရီးယားအခြေစိုက် ဟွန်ဒိုင်းအုပ်စုအကြီးအကဲက မြောက်ကိုရီးယားနိုင်ငံထဲက ကူမန်တောင်ဆီ သွားမယ့် အစီအစဉ်ကို စစ်ဆေးဖို့ ရည်ရွယ်ချက်မရှိဘူးလို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဟွန်ဒိုင်းကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ယန်ဂျောင်းအွန်းဟာ ဩဂုတ်လထဲမှာ မြောက်ကိုရီးယားနိုင်ငံဆီ သွားဖို့ ကြိုးပမ်းနေပြီး တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနဆီ လျှောက်လွှာတွေ တင်သွင်းခဲ့တယ်လို့ ဝန်ကြီးဌာနက အမည်မဖော်လိုသူ အရာရှိတစ်ယောက်ကို ကိုးကားပြီး ယွန်ဟပ်သတင်းဌာနက ဇွန် ၃၀ရက်မှာ ဖော်ပြခဲ့ ပါတယ်။
ဟွန်ဒိုင်းလုပ်ငန်းစုရဲ့ နှောင်းပိုင်းတည်ထောင်သူ ချောင်းဂျုယောင်းကို မြောက်ကိုရီးယားမှာ မွေးဖွား ခဲ့တာပါ။ ယန်ဟာ အရင်က မြောက်ကိုရီးယားဆီ အကြိမ်ကြိမ် သွားရောက်ခဲ့ဖူးပါတယ်။
တောင်ကိုးရီးယားမီဒီယာတွေရဲ့ ဖော်ပြချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားက "တောင်ကိုရီးယားပုဂ္ဂိုလ် လာရောက်လည်ပတ်ချင်တဲ့အကြောင်း အကြောင်းကြားထားတာလည်း မရှိဘူး၊ ဒီကိစ္စကို ကျနော်တို့တို့ မသိခဲ့သလို စစ်ဆေးဖို့ ရည်ရွယ်ချက်လည်း မရှိပါဘူး" လို့ ပြောခဲ့ပါတယ်။
တောင်ကိုရီးယားဘယ်ပုဂ္ဂိုလ်ကိုမှ မြောက်ကိုရီးယားရဲ့ ပိုင်နက်ထဲကို ဝင်ရောက်ခွင့် မပြုနိုင်ဘူးလို့လည်း မြောက်ကိုရီးယားအစိုးရရဲ့ မူဝါဒ တရပ်မှာ ပြောကြားခဲ့ပြီး ဒီမူဝါဒကို မပြောင်းလဲနိုင်ဘဲ အနာဂတ်မှာ ဆက်ထိန်းထားမယ်လို့လည်း မြောက်ကိုရီးယားက ပြောပါတယ်။