အာဆင်နယ်အသင်းမှာ ကွင်းလယ်ကစားသမားသစ်တွေ ရောက်ရှိလာတာက ပွဲထွက်ကစားခွင့် အတွက် ပြိုင်ဆိုင်မှု ပြင်းထန်စေလိမ့်မယ်လို့ ကွင်းလယ်ကစားသမား စမစ်ရိုးက ပြောပါတယ်။
အင်္ဂလန်ကွင်းလယ် တိုက်စစ်ကစားသမားဟာ မနှစ်ကရာသီက ဒဏ်ရာပြဿနာတွေနဲ့အတူ ပွဲထွက် ကစားခွင့်မရခဲ့ဘဲ အရန်ကစားသမား တဦးအနေနဲ့သာ ကစားခဲ့ရတာပါ။
အာဆင်နယ်ဟာ အခုနှစ်အပြောင်းအရွှေ့မှာ ကိုင်ဟာဗက်ဇ်နဲ့ ဒက်ကလန်ရိုက်စ်တို့လို ကွင်းလယ် ကစားသမားတွေ ခေါ်ယူခဲ့တာပါ။
ဒီလိုကစားသမားကောင်းတွေ ရောက်ရှိလာတာက အသင်းရဲ့အင်အား တောင့်တင်းလာစေတာ ဖြစ်လို့ ကောင်းမွန်ကြောင်း၊ ကစားသမားသစ်တွေက အသင်းကို ပိုမို တိုးတက်လာစေဖို့ ကူညီပေးနိုင်မှာဖြစ်ကြောင်း စမစ်ရိုးက ပြောပါတယ်။
“ကိုင်ဟာဗက်ဇ်နဲ့ ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်မှုရှိလာမှာကအမှန်ပါပဲ။ ဒါပေမဲ့ ဒါက ဘောလုံးပဲလေ။ ကြိုးစားမှုကို ဆက်လက် ထိန်းသိမ်းသွားရမှာပါ။ ပြီးတော့ ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုလည်းဖြစ်လာမယ်။ ကျနော်အနေနဲ့ကတော့ အကောင်းဆုံး တိုက်ပွဲဝင်သွားမှာပါ” လို့ စမစ်ရိုးက ပြောပါတယ်။
စမစ်ရိုးဟာ ကျင်းပနေတဲ့ ဥရောပ ယူ ၂၁ ပြိုင်ပွဲမှာ ခြေစွမ်းပြ ဂိုးတွေ သွင်းပေးနေပါတယ်။ သူဟာ ၂၀၂၁-၂၀၂၂ ရာသီက ၁၀ ဂိုး သွင်းနိုင်ခဲ့ပေမဲ့ မနှစ်ကရာသီမှာတော့ ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့သူ ဖြစ်ပါတယ်။