ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်တဲ့ ဂယ်တီယာကို နိုက်စ်အသင်းကို ကိုင်တွယ်ခဲ့စဥ်တုန်းက လူမည်းတွေနဲ့ မွတ်စလင်ကစားသမားတွေအပေါ် လူမျိုးခွဲခြား ဆက်ဆံမှုကြောင့် ဇွန် ၃၀ ရက်မှာ ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
လူမည်းကစားသမားတွေနဲ့ မွတ်စလင်ကစားသမားတွေအသင်းမှာ ဒီလောက် မများသင့်ဘူးလို့ နိုက်အသင်းပိုင်ရှင်တွေထံပို့ခဲ့တဲ့ အီးမေးလ်ပေါက်ကြားခဲ့ပြီးနောက် ဂယ်တီယာနဲ့ သူ့ရဲ့အကြံပေး မွေးစားသားဂျွန်ဗလိုဗစ်တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
နည်းပြဂယ်တီယာဟာနိုက်အသင်းကို နည်းပြနေတုန်းက ကစားသမားတွေကို လူမျိုးခွဲခြားပြီး အစ္စလာမ်မစ်မုန်းတီးဖွယ်မှတ်ချက်တွေကိုပေးခဲ့လို့ ၂၀၂၃ ဧပြီမှာ စုံစမ်းစစ်ဆေးရေး စတင်ခဲ့ပါတယ်။
အသက် ၅၆ နှစ်အရွယ်ဂယ်တီယာကို ဒီဇင်ဘာလမှာ ရုံတင်စစ်ဆေးခံရမှာဖြစ်ပြီး ထောင်ဒဏ် ၃ နှစ်နဲ့ ယူရို ၄၅၀၀၀ ဒဏ်ရိုက်ခံရဖို့ရှိနေလို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဟာ နိုက်စ်အသင်းရဲ့ ဌာနချုပ်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး ဥက္ကဋ္ဌဂျင်ပီရားအပါအဝင် ကစားသမားတွေနဲ့ ဒါရိုက်တာတွေကိုလည်း စုံစမ်းစစ်ဆေးမေးမြန်းခဲ့ပါတယ်။
ဂယ်တီယာက ၂၀၂၂ ခုနှစ်မှာပီအက်စ်ဂျီအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး လီဂူဝမ်းဖလား ရရှိခဲ့ပေမဲ့ နွေရာသီအပြောင်းအရွေ့စျေးကွက်မှာပီအက်စ်ဂျီကနေ ထွက်ခွာဖို့ များနေပါတယ်။
Source Daily Mail