Home
အားကစား
ဆေးစစ်မှု မအောင်မြင်သဖြင့် ဇီယက်ချ်နှင့်  အယ်လ်နာဆာတို့ အပြောင်းအရွှေ့ပျက်ပြယ်
DVB
·
July 1, 2023
00

ချဲလ်ဆီးတောင်ပံတိုက်စစ်မှူး ဇီယက်ချ်ဟာ ဆော်ဒီကလပ် အယ်နာဆာအသင်းနဲ့ ဆေးစစ်မှုခံယူ ခဲ့ရာမှာ မအောင်မြင်ခဲ့လို့ အပြောင်းအရွှေ့ပျက်ပြယ်သွားတယ်လို့သိရပါတယ်။

ဇီယက်ချ်ဟာ ဆေးစစ်ရာမှာ ဒူးဒဏ်ရာပြဿနာရှိနေကြောင်း တွေ့ရှိရတာကြောင့် ပေါင် ၈ သန်းတန် အပြောင်းအရွှေ့က ပျက်ပြယ်သွားတာဖြစ်ကြောင်း သတင်းတွေမှာဖော်ပြကြပါတယ်။

မော်ရိုကိုကစားသမားဟာ မနှစ်ကရာသီဝက်ကာလတုန်းကလည်း ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပေမဲ့ ဒူးဒဏ်ရာအခြေအနေကြောင့် မပြောင်းရွှေ့ဖြစ်ခဲ့တာပါ။

အသက် ၃၀ အရွယ်  ဇီယက်ချ်အနေနဲ့ မိခင်ကလပ် ချဲလ်ဆီးအသင်းနဲ့ ၂ နှစ်စာချုပ်ကျန်ရှိသေးတာကြောင့် လန်ဒန်ကို ပြန်လာရဖို့ရှိပါတယ်။

ဒါပေမဲ့ ချဲလ်ဆီးဘက်ကတော့ လိုက်ပ်ဇစ်က အန်ကွန်ကူကို ခေါ်ယူခဲ့တာကြောင့် ဇီယက်ချ်ကို အဆင်ပြေနိုင်မဲ့အသင်းဆီ ရောင်းချဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024