Home
မြန်မာသတင်း
မိုခါမုန်တိုင်းသင့် ရခိုင်လယ်သမားများ မျိုးစပါးနှင့် ဓာတ်မြေသြဇာ အကူအညီလိုအပ်နေ
DVB
·
June 30, 2023
356663106_997839097905150_5609194754149658125_n

မိုခါဆိုင်ကလုန်းမုန်တိုင်း​သင့် ရခိုင်ပြည်နယ်က လယ်သမားတွေ မျိုးစပါးနဲ့ ဓာတ်မြေသြဇာ အကူအညီ လိုအပ်နေလို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။

ရခိုင်ဒေသခံ လယ်သမားတဦးက “ကျနော်တို့ အခု လယ်ထွန်နေရတာက လယ်ထွန်စက်နဲ့ ထွန်နေရတော့ ဆီးစျေးတက်တာ ရှိတယ်။ ပြီးတော့ စက်ပစ္စည်းတွေပြုပြင်ဖို့ စရိတ်စကတွေ ကြီးလာတာတွေရှိတယ်။ အဲ့ဒီလို အခက်အခဲတွေကြောင့် တနေ့မှာ ၁၀ ဧက ထွန်ယက်နိုင်ပေမဲ့ ၅ ဧကသာ ထွန်ယက်နေရတယ်။ အဓိကလိုအပ်တာက မျိုးစပါးနဲ့ မြေသြဇာ လိုအပ်လာတယ်။ မျိုးစပါးက ဝမ်းစာမလုံလောက်တဲ့အတွက် မျိုးစပါးအပြည့်အဝ မထားနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စားဝတ်နေရေး အဆင်မပြေတာကြောင့်ပါ။ လယ်သမားတွေကို စာနာထောက်ထားမှုတွေ ပေးစေချင်ပါတယ်။ မျိုးစပါးဖြစ်ဖြစ် ဓာတ်မြေသြဇာဖြစ်ဖြစ် ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။

ရခိုင်ဒေသအတွက် မျိုးစပါးတွေကို စစ်ကောင်စီက ဇွန် ၂၄ ရက်က စတင်ကာ စရိတ်မျှပေးစနစ်နဲ့ ရောင်းချပေးသွားမယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ထုတ်ဖော်ပြောဆိုထားပါတယ်။

လက်ရှိမှာ မိုခါမုန်တိုင်း အဓိက ပြင်းပြင်းထန်ထန် ဝင်ရောက်ခဲ့ကြတဲ့ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော စတဲ့မြို့နယ်တွေက လယ်သမားတွေကို ထွေအုပ်နဲ့ မြေစာရင်းရဲ့ စာရင်းတွေအရ မျိုးစပါးတွေ ဖြန့်ဝေပေးနေကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။

ဒါပေမဲ့ ထွေအုပ်နဲ့ မြေစာရင်းဌာနက စာရင်းတွေမှာ မပါဝင်တဲ့ဒေသက လယ်သမားတွေ မျိုးစပါးမရှိကြတဲ့ အတွက် အခက်တွေ့နေတယ်လို့ လယ်သမားတွေက ပြောဆိုပါတယ်။

လက်ရှိမှာ ရခိုင်ဒေသကို စပါးမျိုး ကားအစီး ၇၀ ကျော် ဆင်းလာနေပြီး စိုက်ပျိုးရေးက တဧက မျိုးသန့်မျိုးစပါး တတင်းခွဲနဲ့ ဒုတိယမျိုးသန့် တဧက တတင်း ဖြန့်ဝေနေပေမဲ့ အထွေထွေအုပ်ချုပ်ရေးနဲ့ မြေစာရင်းဦးစီးဌာနမှာ စာရင်းမပါတဲ့ တောင်သူတွေမှာ မျိုးစပါး လုံးဝမရရှိဘဲ ဖြစ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024