စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် နောင်းရင်းရွာနဲ့ မင်းယားရွာ အကြား ကော်ကမ်းရွာအနီးမှာ ဇွန်လ ၂၈ ရက်နဲ့ ၂၉ ရက်နေက စစ်တပ်နဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ၂ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးသူများခဲ့သလို တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့မှုတွေလည်း လုပ်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကသိရပါတယ် ။
တော်လှန်တပ်ဖွဲ့ဝင် တစ်ဦးက"ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပကဖ နဲ့ စစ်သားတွေ ၂၈ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်တယ် အဲ့ဒီနေ့မှာ အကောင်ရေ ၃၀ ကျော် ထိခိုက်မှုရှိပြီး ၄ ကောင် ဖောင်းပြင် ဆေးရုံသို့ ရောက်သွားတယ်။ PDF တွေဘက်က မနက်ပိုင်းမှာ ၂ ယောက် မစိုးရိမ်ရ ဒဏ်ရာရရှိပြီး နေ့ခင်းဘက်မှာ ဆိုင်ကယ်နဲ့သောက်ရေ သွားပို့တဲ့ ၂ ယောက် ပစ်လို့ မြင့်မြတ်စွာ ကျဆုံးခဲ့ရပါတယ်။ ပစ်ကွင်းထဲမှာရှိနေတာကြောင့် ဒီနေ့ညနေအထိ အလောင်းမကောက်နိုင်သေးဘူး။ ညနေပိုင်းမှာ PDF ဘက်က ၁ ယောက်ထပ်ကျပြီး ၁ ယောက် ဒဏ်ရာရထားတယ်။ သူတို့တွေဘက်ကလည်း သေတဲ့သူ ထပ်ရှိပါတယ်။ အတိအကျ အတည်မပြုနိုင်သေးပါဘူး ဒါပေမယ့် သေဆုံးမှု အကောင်အရေအတွက် အများအပြား ရရှိထားပါတယ် "လို့ ပြောပါတယ်။
ဇွန် ၂၉ ရက် မွန်းလွဲပိုင်း ၂ နာရီအချိန်မှာ စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးနဲ့ ကော်ကမ်းရွာပေါ်ကို ဗုံး ၆ လုံးကြဲခဲ့ပြီး ၂ နာရီကျော်အချိန်မှာ ပြန်လည်ဆုတ်ခွာသွားပြီး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူပိုင်လူနေအိမ်တွေ မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့တယ်။
ညပိုင်း ၉ နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ ထပ်မံပစ်ခတ်တိုက် တိုက်ခိုက်ခဲ့ပါတယ်။ ပျက်စီး ဆုံးရှုံးတဲ့ အခြေအနေကိုတော့ မသိရသေးဘူး။ လက်ရှိ အချိန်ထိ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာ ၃ ကြိမ်ရှိပြီး မြေပြင်တိုက်ပွဲ ပိုမိုပြင်းထန်နေတဲ့အတွက် စစ်တပ်ဘက်က သေဆုံးတဲ့အကောင်အတွက် အတိအကျ မရ ရှိနိုင်သေးပါဘူး။
ပြည်သူ့ ကာကွယ်ရေးဘက်က ၃ ယောက် သေဆုံးခဲ့ရပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရ ရှိထားတယ်လို့ ဖောင်းပြင်မြို့ သတင်းမှန်ပြန်ကြားရေးက ရေးသားဖေါ်ပြထားပါတယ် ။