Home
မြန်မာသတင်း
ဘီးလင်း၌ မိုင်းခွဲခံရသည့်တံတားကို လာကြည့်သည့် မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့ ပစ်ခတ်ခံရ
DVB
·
June 29, 2023
356665982_10159520008782913_5746699917368023895_nn
Kyone-Eait-Bridge-Mine-destroy-1
356426985_10159519997742913_3581032841652852489_n
355874240_10159519997797913_4580331880327453560_n
Kyone Eait Bridge Mine destroy

မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကျုံအိတ်ချောင်းကူးတံတား မိုင်းနဲ့ဖောက်ခွဲခံရလို့လာကြည့်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ဇွန် ၂၉ ရက် ဒီနေ့မနက် ၄၀ မမနဲ့လက်နက်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘီလင်းမြို့နယ် ဒုံဝန်းကျေးရွာနဲ့ ရွှေရောင်ပြကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်ချောင်းကူးတံတားမှာ ဒီနေ့ မနက် ၄ နာရီက မိုင်းခွဲဖျက်ဆီးခံရပြီးနောက် လာကြည့်တဲ့ စစ်ကောင်စီတပ်၊ ရဲနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ၄၀ မမ နဲ့အပစ်ခံရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနက်က တံတားကျိုးကျတော့ ကားသမားတစ်ယောက် သေတယ်။ တစ်ယောက် ဒဏ်ရာရတယ်။ အဲဒါကို လာကြည့်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ အပစ်ခံရတယ်။”

၄၀ မမနဲ့ ပစ်ခတ်ခံရတဲ့ ဖြစ်စဥ်မှာ ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း အပါအဝင် စစ်ကောင်စီတပ်နဲ့ရဲတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ထွေအုပ်က ဥက္ကဋ္ဌ၊ စစ်သား၊ ရဲ ငါးယောက် ဒဏ်ရာရတယ်။ ဘီလင်းမြို့နယ်ဆေးရုံကို ပို့ထားတယ်။ စိုးရိမ်ရတယ်”လို့ ပြောပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပြီးနောက် လတ်တလော ရန်ကုန်-မော်လမြိုင်လမ်းမကြီးမှာ ယာဥ်ငယ်တွေသာ သွားလာနိုင်ပြီး ကုန်တင်ယာဉ်ကြောတွေ ပိတ်ဆို့နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024