Home
မြန်မာသတင်း
နိုင်ငံခြားဘာသာတက္ကသိုလ်ဝရန်တာမှ ကျောင်သား ၁ ဦး ပြုတ်ကျသေဆုံး
DVB
·
June 28, 2023
356871156_10159518780217913_7741175863938064809_n

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် ၁၀ ရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်းရှိ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ဒီနေ့ မနက် ၁၁ နာရီကျော်က လေးလွှာဝရန်တာပေါ်မှ ဒုတိယနှစ်ကျောင်းသား ၁ ဦး ပြုတ်ကျသေဆုံးသွားတယ်လို့ ကျောင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

"ပြုတ်ကျတာ သေတယ်ဆိုတာ သူများပြောလို့ သိတာ၊ ဘယ်လိုဖြစ်ပြီး သေလဲတော့မသိဘူး။ ရဲတွေရော၊ ကျောင်းက တာဝန်ရှိသူတွေရော စစ်ဆေးနေတယ်လို့ ကြားတယ်" လို့ ကျောင်းနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသူမှာ နိုင်ငံခြားဘာသာတက္ကသိုလ် ဂျာမန်ဘာသာရပ်က ဒုတိယနှစ်ကျောင်သား အသက် ၁၉ နှစ်အရွယ် မောင်ဘုန်းပြည့်ကျော် ဖြစ်တယ်လို့ ရဲအရာရှိနဲ့ နီးစပ်သူက ဒီဗွီဘီကို ပြောပါတယ်။

"ကျောင်းဘက်ကပြောတာ ခုန်ချတာလို့ပြောတယ်၊ ဘာကြောင့် ခုန်ချလဲတော့ မသိဘူး၊ ဖြစ်စဥ်ကို စစ်ဆေးနေတယ်။"

မောင်ဘုန်းပြည့်ကျော် ပြုတ်ကျသေဆုံးပြီးနောက် ဆရာ၊ ဆရာမတွေဟာ ကံ့ကော်မြေပရဟိတအသင်း (MAN) ကို ဖုန်းဆက်အကြောင်းကြားပြီး လူနာတင်ယာဥ်နဲ့ Dead Body ကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

လက်တလောမှာ အဆိုပါသေဆုံးမှုနဲ့ ပတ်သက်ပြီး ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်ဘက်က ဖြစ်စဥ်ကို ထုတ်ပြန်ကြေညာခြင်းမရှိပေ။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024