Home
မြန်မာသတင်း
ဝက်လက်မြို့မရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ
DVB
·
June 28, 2023
Screenshot 2023-06-28 162514

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဒီနေ့ ဇွန် ၂၈ ရက် မနက် ၆ နာရီ ၆ မိနစ်မှာ ဒရုန်း ၄ စီးနဲ့ ဗုံးသီး ၂၂ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

နဂါးနီတပ်ရင်းရဲ့ ဒုတပ်ရင်းမှူး ဆရာလေးက “ကျနော်တို့ ဒီနေ့မနက်ခင်း အစောပိုင်းမှာ ဝက်လက်မြို့က (--)စခန်းကို ဒရုန်း ၄ စီးနဲ့ ၂ ခေါက်ပြန်ပြီး ဗုံးသီး ၂၂ လုံးချ တိုက်ခိုက်ခဲ့တယ်ဗျ။ ကျနော်တို့ သွားတိုက်တာကလည်း စစ်ကောင်စီစိုးမိုးထားတဲ့ ဝက်လက်မြို့အဝင်ကနေ သွားတိုက်ခဲ့တာဗျ။ အသေအပျောက်က လတ်တလော ရဲမေ ၅ ဦးနဲ့ စကစ ၂ ဦး သေတယ်လို့ ကနဦး သတင်းရထားတယ်။ အထိအခိုက်ကလည်း အတော်များတယ်လို့ သိထားရတယ်ဗျ။ ကျနော်တို့ ဒရုန်းချလို့ သူတို့ဘက်က လက်နက်ကြီး ပြန်ပစ်တာတွေလည်း ရှိတယ်။ အထိအခိုက်တော့ မရှိခဲ့ဘူး” လို့ ပြောပါတယ်။

အခုတိုက်ခိုက်တာကို ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့က ဦးဆောင်ပြီး ကျောက်ဆည်ခရိုင်တပ်ရင်း-၁ (နဂါးနီတပ်ရင်း)၊ မြင်းခြံခရိုင်တပ်ရင်း-၇ (ZERO ပြောက်ကျားတပ်ဖွဲ့တပ်ရင်း)၊ ရွှေဘိုခရိုင်တပ်ရင်း-၁၅၊ မုံရွာခရိုင်တပ်ရင်း-၂၁ (NDRF တပ်ခွဲ) နဲ့ ဆားတောင်မိုးကြိုး (Local PDF)၊ MRTF Drone Force အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်စခန်းတွေကို အခုလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းအသုံးပြု ဗုံးသီးချ တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီဘက်က စခန်းတွေကို အခိုင်အမာ‌ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေတူးကာ ပြင်ဆင်ထားကြဖို့ စစ်ကောင်စီဘက်က လျှို့ဝှက်ညွှန်ကြားချက်တွေလည်း ရှိနေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024