မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ မွန်ပြည်သစ်ပါတီ (NMSP)၊ ဆက်သွယ်ရေးတပ်က အရာခံဗိုလ်အဆင့်ရှိသူ နိုင်ပလော်စိုက်ဟာ ဇွန် ၂၈ ရက် မနက် ၄ နာရီခွဲလောက်မှာ သေနတ်ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
NMSP ဆက်သွယ်ရေးတပ်က အရာခံဗိုလ် နိုင်ပလော်စိုက်ဟာ ကလော့ကြီးကျေးရွာက ခြံတဲအတွင်း ရှိနေစဥ် အမည်မသိ အမျိုးသားတယောက်က လက်လုပ်သေနတ်ရှည်နဲ့ နှစ်ချက်လောက် ပစ်ခတ်ခဲ့တာပါ။
နိုင်ပလော်စိုက်ရဲ့ ဝဲဘက်ရင်ဘတ် ညှပ်ရိုးအနီး ကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက် (စိုးရိမ်ရ) ရရှိခဲ့ပြီး ကလော့ကျေးရွာ လူမှုကူညီရေးအသင်းယာဉ်နဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရ ပါတယ်။
ဒီနယ်မြေမှာ လက်နက်ကိုင်အဖွဲ့မျိုးစုံ စိုးမိုးနေတာဖြစ်ပြီး ပစ်ခတ်သူဟာ ဘယ်သူဘယ်ဝါဆိုတာ အတိအကျ မသိရသေးသလို မွန်ပြည်သစ်ပါတီဘက်ကလည်း အခုဖြစ်စဥ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။