Home
မြန်မာသတင်း
မုန်တိုင်းငယ်ကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတွင် မိုးပိုမိုလာနိုင်
DVB
·
June 26, 2023
356410211_583348930635001_2669505630739367063_n

အိန္ဒိယနိုင်ငံ၊ ဂင်္ဂါလွင်ပြင်မှာ မုတ်သုံမုန်တိုင်းငယ် (Monsoon Depression) တခု ဇွန် ၂၆ ရက် ဒီကနေ့ ဖြစ်ပေါ်လာနိုင်ပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံဒေသတွေကို မိုးပိုမိုလာစေနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။

ဇွန် ၂၆ ရက်ကနေ လာမယ့် ဇူလိုင် ၂ ရက်အထိ ရက်သတ္တပတ်အတွင်း မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်တွေကို ထုတ်ပြန်ထားတာဖြစ်ပြီး လာမယ့် ရက်သတ္တပတ်အတွင်း မြန်မာ့ကမ်းရိုးတန်းဒေသတွေမှာ မုတ်သုံလေ ဆက်လက်အားကောင်းပြီး မိုးပိုမို ရွာသွန်းလာနိုင်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းကို မုတ်သုံလေဝင်ရောက်ချိန် မေ ၂၉ ရက်ကနေ ဇွန်လကုန်အထိကို “မိုးဦးကာလ” လို့ သတ်မှတ်ထားပြီး ဇူလိုင် ၁ ရက်ကနေ သြဂုတ် ၃၁ ရက်အထိကို “မိုးလယ်ကာလ” လို့ သတ်မှတ်ထားတာပါ။

လတ်တလောမှာတော့ မိုးဦးကာလကုန်ဆုံးဖို့ ရက်သတ္တပတ် ၁ ပတ်လောက်ပဲ ကျန်ရှိနေပြီး အခုတပတ်အတွင်းမှာလည်း ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ ဆက်လက်အားကောင်းလာနိုင်တာကြောင့် ကမ်းရိုးတန်းဒေသတွေနဲ့ မြောက်ပိုင်းဒေသတွေမှာ မိုးကြီးလာနိုင်ပြီး မြို့ပြနဲ့ မြစ်ချောင်းတွေ ရေကြီးရေလျှံနိုင်ခြေရှိတယ်လို့လည်း  အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024