Home
မြန်မာသတင်း
ကော့သောင်းဒေသခံ ၄ ဦး ဖမ်းဆီးခံရ
DVB
·
June 25, 2023
354579336_230083663210962_8281952747576408969_n

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ကော့သောင်းမြို့မှာ ဇွန် ၂၅ ရက် မနက် ၂ နာရီလောက်က ဒေသခံ ၄ ဦး နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရပ်ကွက်နေအမျိုးသားတဦးက “ဖမ်းဆီးခံရတဲ့သူတွေဟာ သာမာန်အရပ်သားတွေပါ။ ဘာကြောင့် ဖမ်းဆီးခံရတာလို့ ကျနော်တို့လည်း မသိဘူး” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ ပိတောက်ရွှေဝါလမ်းရပ်ကွက်နဲ့ အေးမြကန်သာရပ်ကွက်တွင် နေထိုင်တဲ့ အသက် ၂၀ ဝန်းကျင်နဲ့ ၃၀ ဝန်းကျင်ရှိ အမျိုးသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကို ကော့သောင်းမြို့၊  ၂ မိုင်၊ အေးမြကန်သာရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက “ပြည်သူတွေအနေနဲ့ တလရ (တော်လှန်ရေး) အသိ သတိရှိဖို့နဲ့ စစ်ရေးလှုပ်ရှားမှုသတင်းတွေ အမြဲနားစွင့်ပြီး ဂရုစိုက်ကြဖို့ လိုတယ်ဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၃ ရက် မနက် ၁၀ နာရီလောက်ကလည်း ကော့သောင်းမြို့ စစ်ကောင်စီဂိတ်အနီး ကုန်မာဆိုင်အရှေ့မှာ ဖုန်းအသုံးပြုနေတဲ့ သုံးဘီးဘေးတွဲဆိုင်ကယ်ယာဉ်မောင်း ၁ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024