Home
မြန်မာသတင်း
ပေါင်းဦးချောင်လမ်း ဖျက်ဆီးခံရသဖြင့် ဒေသခံများ သွားလာရေးခက်ခဲ
DVB
·
June 25, 2023
356356338_792806092387005_1768594830407903417_n

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ရပ်ကွက် ၆ အနိမ့်ပိုင်းက ပေါင်းဦးချောင်လမ်း ဖျက်ဆီးခံရတာကြောင့် ကြာအင်းဆိပ်ကြီးမြို့အပါအဝင် အနီးအနားရှိ ကျေးရွာ ၃ ရွာ လောက်က ဒေသခံတွေ သွားလာရေးခက်ခဲနေတယ်လို့ သိရပါတယ်။

ပေါင်းဦးချောင်လမ်းကို စစ်ကောင်စီတပ်လက်အောက်ခံ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဖွဲ့ဝင်တွေက ဇွန် ၁၆ ရက်နေ့ မနက်၉ နာရီဝန်းကျင်အချိန်မှာ မြေတူးတဲ့ ကရိန်းကားတစီး နဲ့လာရောက်ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။ 

ပေါင်းဦးချောင်လမ်းကို ပေါင်ဦးချောင်ရွာ၊ ကြက်တူရွေးသောင်ရွာနဲ့ ဆယ်အိမ်စုရွာတို့က အသုံးပြုနေကြကာ လမ်းကိုဖျက်ဆီးခဲ့တာကြောင့် မြို့တွင်းမြို့ပြင်သွားလာရာမှာ အခက်အခဲကြုံနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"သူတို့က ဘက်ဟိုးနဲ့ ထိုးလိုက်တာ၊ မြောင်းဖြစ်အောင်ကော်လိုက်တာ။ ဆိုင်ကယ်တွေ၊ ကားတွေ သွားလို့ မရဘူး၊ ရေတွေကြီးရင်လည်း အဲ့ဒီလမ်းကပဲလာကြရတယ်။ ရွာတွေအတွက် အဲ့ဒီလမ်းက မိန်းလမ်းလို ဖြစ်နေတယ်၊ အဲ့ဒီလမ်းကိုဖျက်လိုက်တော့ ရွာကလာရင် တပတ်ကြီးပတ်ပြီးတော့ အဝေးကြီးသွားရတယ်။”

ပေါင်းဦးချောင်လမ်း ဖျက်ဆီးခံရပြီးနောက် ဒေသခံပြည်သူတွေမှာ ဘုရားသုံးဆူ ကြာအင်းဆိပ်ကြီး သွားလာရာ လမ်းမကြီးတခုဖြစ်တဲ့ သပြေချဥ်လမ်းကိုသာ အသုံးပြုနေကြရပြီး အဲ့ဒီလမ်းပိုင်းမှာ လည်း စစ်ကောင်စီတပ်သားတွေ ဂိတ်အထိုင်ချထားကာ အစစ်ဆေးတင်းကျပ်နေတယ်လို့ ဆိုပါတယ်။

အခုလိုဒေသခံတွေ အသုံးပြုသွားလာနေတဲ့ လမ်းပိုင်းကိုဖျက်ဆီးတာဟာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ထပ်မံဝင်ရောက်တိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် လုပ်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက်ကလည်း ကြာအင်းဆိပ်ကြီးမြို့နဲ့ ချောင်းနှစ်ခွကို ဆက်သွယ်ထားတဲ့ ဒါလီချောင်းတံတားခွဲ ဖျက်ဆီးခံရတာကြောင့် တံတားတခြမ်း ပြိုကျပျက်စီးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024