Home
ဆောင်းပါး
သဘာဝဘေးအန္တရာယ်ကြီးများ အပိုင်း(၁)
DVB
·
June 25, 2023
355960480_652544090063290_8249693214875228476_n

မိုးကြိုးမုန်တိုင်း

မိုးကြိုးမုန်တိုင်းဆိုတာ ဘာလဲ။

မိုးကြိုးမုန်တိုင်းဆိုတာ မိုးခြိမ်းသံကြားရတဲ့အချိန်မှာ မိုးရွာတာဖြစ်ပါတယ်။ မိုးခြိမ်းသံဟာ လျှပ်စီးလက်ခြင်းကနေ ဆင်းသက်လာတာကြောင့် မိုးကြိုးမုန်တိုင်းအားလုံးမှာ လျှပ်စီးကြောင်းတွေ ရှိပါတယ်။

မိုးကြိုးမုန်တိုင်းတွေအကြောင်း ပြောတဲ့အခါ မိုးလေဝသပညာရှင်တွေက “အပူစီးကူး” တယ်ဆိုတဲ့ စကားလုံးကို မကြာခဏ အသုံးပြုကြပြီး မိုးကြိုးမုန်တိုင်းဟာ အပူစီးကူးခြင်းကြောင့် ဖြစ်တာပါ။

ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်းဆိုတာ ဘာလဲ။

၁ လက်မ ဒါမှမဟုတ် အဲ့ဒါထက်ကြီးတဲ့ မိုးသီးတွေကြွေကျတာ၊ လေတိုက်နှုန်း ၅၀ knots (တနာရီ ၅၇ ဒသမ ၅ မိုင်နှုန်း) နဲ့ လေဆင်နှာမောင်း စတဲ့အချက်တွေထဲက တခု ဒါမှမဟုတ် တခုထက် ပိုဖြစ်မယ်ဆိုရင် ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်းလို့ ဆိုနိုင်ပါတယ်။

မိုးကြိုးမုန်တိုင်းတွေ ဘယ်လောက်ရှိလဲ။

ကမ္ဘာတဝန်းမှာ နှစ်စဉ် မိုးကြိုးမုန်တိုင်းပေါင်း ၁၆ သန်းခန့်ရှိပြီး ဘယ်လိုအချိန်မဆို မိုးကြိုးမုန်တိုင်းတွေဟာ ခန့်မှန်းခြေ ၂,၀၀၀ ခန့် ရှိနေပါတယ်။ အမေရိကန်တနိုင်ငံတည်းမှာပဲ နှစ်စဉ် မိုးကြိုးမုန်တိုင်း အကြိမ်ရေ ၁၀၀,၀၀၀ ခန့် ရှိပါတယ်။ အဲဒီထဲက ၁၀ ရာခိုင်နှုန်း‌လောက်က ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်းအဆင့်ကို ရောက်ပါတယ်။

မိုးကြိုးမုန်တိုင်းတွေ ဘယ်အချိန်မှာ ဖြစ်နိုင်ခြေအရှိဆုံးလဲ။

မိုးကြိုးမုန်တိုင်းတွေဟာ နွေဦးနဲ့ နွေရာသီကာလတွေမှာ အဖြစ်အများဆုံးဖြစ်ပြီး မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ ပိုဖြစ်နိုင်ပေမဲ့ မိုးကြိုးမုန်တိုင်းတွေက တနှစ်ပတ်လုံးနဲ့ နာရီတိုင်းမှာ ဖြစ်ပေါ်နိုင်ပါတယ်။

ပင်လယ်ကွေ့ ကမ်းရိုးတန်းတလျှောက်နဲ့ အရှေ့တောင်ပိုင်းနဲ့ အနောက်နိုင်ငံတွေကို ဖြတ်ပြီး မွန်းလွဲပိုင်းမှာ မိုးကြိုးမုန်တိုင်း အများစု ဖြစ်ပေါ်ပါတယ်။ လွင်ပြင်နယ်ပယ်တွေမှာတော့ မွန်းလွဲပိုင်းနဲ့ ညအချိန်တွေမှာ မိုးကြိုးမုန်တိုင်းတွေ မကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။

မိုးကြိုးမုန်တိုင်းတွေက ဘယ်လိုပျက်စီးမှုတွေ ဖြစ်စေနိုင်လဲ။

အန္တရာယ်ရှိတဲ့ ရာသီဥတုဖြစ်စဉ်များစွာဟာ မိုးကြိုးမုန်တိုင်းတွေနဲ့ ဆက်နွှယ်နေပါတယ်။ မိုးကြိုးမုန်တိုင်း‌တွေကြောင့် မိုးရွာသွန်းမှုဟာ လျှပ်တပြက်ရေလျှံမှု၊ ဟာရီကိန်း၊ လေဆင်နှာမောင်း ဒါမှမဟုတ် လျှပ်စီးလက်တာထက် နှစ်စဉ် လူသေဆုံးမှု ပိုများပါတယ်။ မိုးကြိုးဟာ နှစ်စဉ် ကမ္ဘာတဝန်းက မီးလောင်မှု အများအပြားအတွက် တာဝန်ရှိပြီး လူသေဆုံးမှုတွေကို ဖြစ်စေပါတယ်။

အပျော့စား အရွယ်အစားအထိ မိုးသီးတွေကလည်း ကားတွေနဲ့ ပြတင်းပေါက်တွေကို ပျက်စီးစေပြီး တိရစ္ဆာန်တွေကိုလည်း သေဆုံးစေပါတယ်။ မိုးကြိုးမုန်တိုင်းတွေနဲ့ ဆက်စပ်နေတဲ့ (တနာရီ မိုင် ၁၂၀ ကျော်) လေပြင်းတွေဟာ သစ်ပင်တွေ၊ ဓာတ်အားလိုင်းတွေနဲ့ မိုဘိုင်းလ်အိမ်တွေကို ပြိုကျပျက်စီးစေပါတယ်။ လေတိုက်နှုန်း တနာရီ မိုင် ၃၀၀ ခန့်ရှိတဲ့ လေဆင်နှာမောင်းတွေကလည်း အကောင်းဆုံး လူလုပ်အဆောက်အဦတွေကလွဲရင် အားလုံးကို ဖျက်ဆီးနိုင်ပါတယ်။

မိုးကြိုးမုန်တိုင်းက ဘယ်လိုပုံစံဖြစ်ပေါ်တာလဲ။

မိုးကြိုးမုန်တိုင်းဖြစ်ပေါ်ဖို့ အစိုဓာတ်၊ မတည်ငြိမ်တဲ့လေတွေ အပေါ်ကို မြင့်တက်ခြင်းနဲ့ မြင့်တက်အောင် ထောက်ပံ့ပေးနေတဲ့ ယန္တရားဆိုတဲ့ အခြေခံအချက်သုံးချက် လိုအပ်ပါတယ်။

နေက ကမ္ဘာ့မျက်နှာပြင်ကို ပူနွေးစေပြီး ပူနွေးနေတဲ့ လေတွေဟာလည်း အပေါ်ကို တက်လာပါတယ်။ လေဟာ မြင့်တက်လာတာနဲ့အမျှ ကမ္ဘာမြေမျက်နှာပြင်က အပူကို လေထုရဲ့ အပေါ်ဘက်အဆင့်ကို အပူစီးကူးခြင်းဖြစ်စဉ်နဲ့ လွှဲပြောင်းပေးပါတယ်။ ဒီလေပူထဲမှာပါရှိတဲ့ ရေခိုးရေငွေ့ဟာ အေးစပြုလာပြီး အပူကိုထုတ်လွှတ်ကာ တိမ်တိုက်တခုအဖြစ် ဖြစ်ပေါ်လာပါတယ်။

မုန်တိုင်းတခုဟာ အေးခဲနေတဲ့လေထဲကို တက်လာတာနဲ့အမျှ အေးခဲနေတဲ့ အရည်စက်တွေကနေ မတူညီတဲ့ ရေခဲမှုန်တွေကို ဖန်တီးနိုင်ပါတယ်။ ရေခဲမှုန်တွေဟာ အခိုးအငွေ့တွေနဲ့ အေးခဲတဲ့ အရည်စက်ငယ်တွေကို စုဆောင်းခြင်းဖြင့် ကြီးထွားလာပါတယ်။ ရေခဲအမှုန်နှစ်ခု တိုက်မိတဲ့အခါ များသောအားဖြင့် တခုနဲ့တခု ပေါက်ထွက်တတ်ပေမဲ့ အမှုန်အမွှားတခုက အခြားတခုဆီကနေ ရေခဲအနည်းငယ်ကို ဆွဲထုတ်ပြီး လျှပ်စစ်ဓာတ်အားကို ဖမ်းယူနိုင်ပါတယ်။ ဒီလို တိုက်မိမှု အများအပြားဟာ ကြားရတဲ့ အသံလှိုင်းတွေနဲ့ မိုးခြိမ်းသံတွေ ဖြစ်ပေါ်စေဖို့အတွက် လျှပ်စစ်ဓာတ်အားရဲ့ ကြီးမားတဲ့နေရာကို ဖြစ်ပေါ်စေပါတယ်။

မိုးကြိုးမုန်တိုင်းစက်ဝန်း

မိုးကြိုးမုန်တိုင်းတွေရဲ့ ဘဝစက်ဝန်းမှာ ဖွံ့ဖြိုးဆဲအဆင့်၊ အလုံးစုံဖွံ့ဖြိုးတဲ့အဆင့်နဲ့ ပျောက်ကွယ်သွားတဲ့အဆင့်ဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။

မိုးကြိုးမုန်တိုင်းရဲ့ ဖွံ့ဖြိုးဆဲအဆင့်ကို လေထုကော်လံ (updraft) က အထက်ကို တွန်းပို့နေတဲ့ တိမ်တိုက်နဲ့ အမှတ်အသား ပြုထားပါတယ်။ ဒီအဆင့်မှာ မိုးအနည်းငယ်ရွာပြီး ရံဖန်ရံခါ မိုးကြိုးပစ်ပါတယ်။

မိုးကြိုးမုန်တိုင်းဟာ အဆင့်မြှင့်တင်မှု ဆက်လက်လုပ်ဆောင်ပြီး အလုံးစုံ ဖွံ့ဖြိုးတဲ့အဆင့်ကို ဝင်ရောက်လာပြီဆိုရင် မိုးရွာသွန်းမှုဟာ မုန်တိုင်းမှစတင်ကာ လေကော်လံတခုကို ဖန်တီးပါတယ်။ ဒီလေကော်လံက မြေပြင်တလျှောက် ပျံ့နှံ့သွားတဲ့အခါမှာ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်လာပါတယ်။ အလုံးစုံဖွံ့ဖြိုးတဲ့အဆင့်ဟာ မိုးသီး‌ကြွေခြင်း၊ မိုးသည်းထန်စွာရွာခြင်း၊ မကြာခဏ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနဲ့  လေဆင်နှာမောင်း တိုက်ခတ်ခြင်းတို့အတွက် ဖြစ်နိုင်ခြေအရှိဆုံးအချိန် ဖြစ်ပါတယ်။

နောက်ဆုံး‌ ပျောက်ကွယ်တဲ့အဆင့်မှာတော့ မိုးရွာသွန်းမှုပမာဏ အများအပြားရွာချပြီး ပြိုကျခြင်းအဆင့်က အစပြုကာ အဆင့်မြှင့်တင်မှုကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ မြေပြင်မှာ လေပြင်းတိုက်တဲ့ မိုးရွာသွန်းမှုမှာ ပြင်းထန်မှု လျော့နည်းသွားပေမဲ့ မိုးကြိုးအန္တရာယ်က ရှိနေပါသေးတယ်။

မိုးကြိုးမုန်တိုင်းအမျိုးအစားများ

၁။ ဆဲလ်တခုတည်းရှိတဲ့ မိုးကြိုးမုန်တိုင်း (Single cell thunderstorm)

ဆဲလ်တခုတည်း မိုးကြိုးမုန်တိုင်းတွေဟာ သေးငယ်ပြီး တနာရီအတွင်း ကြီးထွားသေဆုံးတဲ့ မုန်တိုင်း‌တွေ ဖြစ်ပါတယ်။ ဆဲလ်တခုတည်း မုန်တိုင်းတွေဟာ မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ မိုးကြိုးပစ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

၂။ ဆဲလ်ပေါင်းများစွာ‌ပါဝင်တဲ့ မိုးကြိုးမုန်တိုင်း (Multi cell thunderstorm)

ဆဲလ်‌ပေါင်းများစွာပါဝင်တဲ့ မိုးကြိုးမုန်တိုင်းမှာ ဆဲလ်တခုချင်းစီဟာ များသောအားဖြင့် မိနစ် ၃၀ ကနေ ၆၀ အထိ ကြာလေ့ရှိပြီး စနစ်တခုလုံးဟာ နာရီများစွာ ကြာရှည်ခံနိုင်ပါတယ်။ ဒီမုန်တိုင်းအမျိုးအစားဟာ မိုးသီး‌ကြွေတာ၊ လေပြင်းတိုက်တာ၊ တိုတောင်းတဲ့ လေဆင်နှာမောင်းနဲ့ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။

၃။ မိုးသက်လေပြင်း (Squall line)

မိုးသက်လေပြင်းတွေဟာ လျှင်မြန်စွာ ဖြတ်သန်းလေ့ရှိပြီး စူပါဆဲလ်တွေထက် လေဆင်နှာမောင်း ဖြစ်ပေါ်ဖို့ အလားအလာနည်းပါတယ်။ ဒီအမျိုးအစားဟာ မိုင်ရာနှင့်ချီ ရှည်လျားနိုင်ပေမဲ့ အများအားဖြင့် အကျယ်အားဖြင့် ၁၀ မိုင် ဒါမှမဟုတ် မိုင် ၂၀ သာရှိပါတယ်။

၄။ စူပါဆဲလ် (Super Cell thunderstorm)

စူပါဆဲလ်ဟာ ၁ နာရီထက် ပိုကြာကာ စောင်းပြီး လှည့်နေတဲ့ လေစီးကြောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မုန်တိုင်းဖြစ်ပါတယ်။ အချင်း ၁၀ မိုင်အထိ ကြီးမားပြီး အမြင့်ပေ ၅၀,၀၀၀ အထိရှိတဲ့ လေစီးကြောင်းပုံစံဟာ လေဆင်နှာမောင်း မဖြစ်ပေါ်မီ မိနစ် ၂၀ ကနေ ၆၀ အတွင်း ရှိနေနိုင်ပါတယ်။ ကြီးမားပြီး ပြင်းထန်တဲ့ လေဆင်နှာမောင်း အများစုဟာ စူပါဆဲလ်ကနေ ဖြစ်ပေါ်လာတာပါ။

၅။ လေးပုံစံပဲ့တင်သံ (Bow echo)

လေးပုံစံပဲ့တင်သံဟာ မိုးပျံလိုင်းတခုရဲ့ ရေဒါအမှတ်အသားတခု ဖြစ်ပါတယ်။ လေးပုံစံပဲ့တင်သံရဲ့ ရှေ့ဆုံးအစွန်းမှာ တိုတောင်းတဲ့ လေဆင်နှာမောင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။

၆။ လျှင်မြန်စွာရွေ့လျားနေတဲ့ မိုးရွာသွန်းမှု (Derecho)

လေတိုက်နှုန်းဟာ မိုင်ပေါင်း ၂၄၀ (ကီလိုမီတာ ၄၀၀ ခန့်) ထက် ကျော်လွန်ပြီး လေပြင်းတိုက်ခတ်မှု အနည်းဆုံး တနာရီ ၅၈ မိုင်နှုန်း (တနာရီ ၉၃ ကီလိုမီတာ)  တိုက်ခတ်မယ်ဆိုရင် ဒီဖြစ်ရပ်ကို လျှင်မြန်စွာ ရွေ့လျားနေတဲ့ မိုးရွာသွန်းမှု (Derecho) အဖြစ် ခွဲခြားသတ်မှတ်နိုင်ပါတယ်။

လီလီ

Ref: SEVERE WEATHER 101/ Thunderstorm (NSSL)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024