Home
Lead Story
မိုခါမုန်တိုင်းသင့်ရခိုင်ပြည်သူများအတွက် အေအေက  ဆန်နှင့် မိုးကာ ထောက်ပံ့ပေး
DVB
·
June 24, 2023
355357854_291810996638657_6343255041492965189_n

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက်  ဇွန်လ ၂၂ ရက်နေ့အထိ ULA/AA က ဖွဲ့စည်းထားတဲ့  အာရက္ခအရေးပေါ် ကူညီထောက်ပံရေးနဲ့ ပြန်လည်နေရာချထားရေးစင်တာက မုန်တိုင်းသင့်ပြည်သူတွေ အရေးတကြီးလိုအပ်နေတဲ့ ဆန်နဲ့ မိုးကာတွေ ထောက်ပံကူညီပေးခဲ့ပါတယ်။

မုန်တိုင်းသင့် ပြည်သူတဦးအတွက် တစ်ရက်ကို ဆန် ၂ ဘူးနှုန်းနဲ့ ၇ ရက်စာ ထောက်ပံ့ပေးခဲ့သလို အိမ်ထောင်စုတစုကို  မိုးကာ ၁၈ ပေတချပ်စီ ထောက်ပံ့ပေးခဲ့တယ်လို့ အာရက္ခအရေးပေါ် ကူညီထောက်ပံရေးနှင့် ပြန်လည်နေရာချထားရေးစင်တာ (ERRCA) ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ မြို့ပေါ် ၄ ရပ်ကွက်အပါဝင် ကျေးရွာအုပ်စုပေါင်း ၉၆ အုပ်စုရှိတဲ့ အနက် ၇၀ ရာခိုင်နှုန်းလောက်ကို သွားရောက်ထောက်ပံ့ပေးပြီးလို့ ဆိုပါတယ်။

ULA/AA အနေနဲ့ ကူညီထောက်ပံ့ရေး ကိစ္စတွေအပြင် ​မုန်တိုင်းသင့်ပြည်သူတွေရဲ့ နေအိမ်တွေကို ပြုပြင်တင်ဆောက်ပေးတာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013