Home
မြန်မာသတင်း
ထိုင်းတွင် တရားမဝင်ဈေးရောင်းသည့်  မြန်မာနှင့် လာအိုနိုင်ငံသား ၂ ဦး ဖမ်းဆီးခံရ
DVB
·
June 24, 2023
355093837_237949888980585_6450324030280298720_n

ထိုင်းနိုင်ငံ၊ နွန်သဘူရီခရိုင်ထဲမှာ မြန်မာအမျိုးသား တယောက်နဲ့ လာအိုနိုင်ငံသား တယောက်တို့ကို ခွင့်ပြုချက်မရှိတဲ့ ဈေးရောင်းတာ တွေ့ရှိတဲ့အတွက် ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ဘန်းဘူဟ်ထောင်ရဲစခန်းက ရဲမှူးကြီး နွန်ရွန်က ထိုင်းမီဒီယာတွေကို ပြောပါတယ်။

ဇွန် ၂၃ ရက် မနက် ၈ နာရီ ၁၇ မိနစ်မှာ ဘန်းဘူဟ်ထောင်မြို့နယ်၊ ဘန်းရက်ရိုင်းရပ်ကွက်က ဘန်းဖလူစျေးအနီး လမ်းဆုံအနီးမှာ အစိုးရက ခွင့်ပြုထားခြင်းမရှိဘဲ စျေးရောင်းနေတာ တွေ့တဲ့အတွက် သစ်သီးစုံဖျော်ရည်ရောင်းချသူ မြန်မာနိုင်ငံသား အသက် ၃၇ အရွယ် အမျိုးသားနဲ့ ဒူးရင်းသီးရောင်းချသူ လာအိုနိုင်ငံသား အသက် ၃ဝ အရွယ် အမျိုးသားတို့ကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

စီမံချက်အနေနဲ့ ထိုင်းအာဏာပိုင်တွေက အစိုးရက ခွင့်ပြုထားတာမရှိဘဲ တားမြစ်ထားတဲ့ ဥပဒေကို ချိုးဖောက်နေတဲ့ နိုင်ငံခြားသားတွေကို တားဆီးစစ်ဆေးနှိမ်နင်းဖို့ အထူးစစ်ဆင်ရေးအဖြစ် ဆောင်ရွက်နေစဥ် ခွင့်ပြုထားတဲ့အလုပ်မဟုတ်ဘဲ လုပ်ကိုင်လို့ ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားနဲ့ လာအိုနိုင်ငံသားကို ဘန်းဘူဟ်ထောင်ရဲစခန်းကနေ နွန်သဘူရီ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကို ပို့ဆောင်ထားပြီး ဥပဒေအရ အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံရဲ့ ချမှတ်ထားတဲ့ တည်ဆဲဥပဒေတွေအရ ထိုင်းနိုင်ငံသားတွေသာ စျေးရောင်းချခွင့်ရှိတာဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဆိုင်ဖွင့် စျေးရောင်းချလို့ မရဘဲ MOU စနစ်နဲ့ လာရောက်တဲ့သူတွေက စက်ရုံ၊ အလုပ်ရုံတွေမှာပဲ အလုပ်လုပ်ကိုင်လို့ရတာဖြစ်ပြီး ထိုင်းသူဌေးအမည်ပေါက်နဲ့ ဆိုင်ခန်းငှားရမ်းရောင်းချသူ နိုင်ငံခြားသားတချို့သာ ရှိတာလည်း ဖြစ်ပါတယ်။

source - Naewnanews

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024