Home
မြန်မာသတင်း
မူဆယ်မြို့နယ်၌ ဒေသခံ ၂  ဦးကို SSPP ရှမ်းတပ်ဖွဲ့က ဖမ်းဆီး
DVB
·
June 23, 2023
Screenshot 2023-06-23 142438

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ တိန်းလုံကျေးရွာမှာ နေထိုင်တဲ့ ဒေသခံ ၂ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)  SSPP/SSA တပ်ဖွဲ့က ဇွန် ၂၁ ရက်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဇွန် ၆ ရက်က တိန်းလုံကျေးရွာမှာ SSPP တပ်ဖွဲ့ဝင်တွေက တပ်သားသစ်စုဆောင်းရေး လာရောက်ပြုလုပ်စဥ်မှာ ဒေသခံတွေက ဆန့်ကျင်ဆန္ဒပြခဲ့ရာ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခဲ့တဲ့ ဖြစ်စဥ်ကို ဗီဒီယိုရိုက်ကူးထားတဲ့အတွက် ကျေးရွာလက်ထောက်ဥက္ကဋ္ဌ စိုင်းထွန်းလှနဲ့ ဒေသခံ နန်းခမ်းစန်းတို့ကို ဖမ်းဆီးသွားခဲ့တာပါ။

အမှန်တကယ် ဗီဒီယိုရိုက်ကူးခဲ့သူက ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် အစ်မဖြစ်သူနဲ့ ကျေးရွာ လက်ထောက်ဥက္ကဋ္ဌတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ညဘက်ပိုင်းတွေမှာ ရွာကို လူစိမ်းတွေလာကပ်နေတာ နည်းနည်းကြာနေပြီ။ ခွေးတွေလည်း ညညဆို ထထဟောင်တယ်။ SSPP အဖွဲ့က ရွာသားတွေကို လာချောင်းနေတယ်လို့ မထင်ကြဘူးလေ။ လာရောက်ဖမ်းဆီးတဲ့ အချိန်တုန်းကလည်း အနီးအနားမှာရှိတဲ့သူတွေက မအော်ကြဘူး။ အော်ရင်တော့ ရွာလုံးကျွတ်ထွက်ပြီး ဆန့်ကျင်ကြမှာပဲ” လို့ ပြောပါတယ်။

အဆိုပါ SSPP တပ်ဖွဲ့ဝင်တွေက တပ်သားသစ်စုဆောင်းရေး လာရောက်စဥ် ဒေသခံတွေ ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ရှမ်းလူမှုအသိုင်းအဝိုင်းတွေကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024