ကရင်ပြည်နယ်၊ မြဝတီမြို့၊ အာရှလမ်းအဆင်း ကွမ်းခြံကုန်းမှာ ဇွန် ၁၉ ရက် မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ ယာဉ်တိုက်မှုနှစ်ခုဖြစ်ပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း ပရဟိတအသင်းထံက သိရပါတယ်။
ဇွန် ၁၉ ရက် မနေ့ ၁၁ နာရီက ကွမ်းခြံကုန်းအဆင်းမှာ ပျက်ပြီးရပ်ထားတဲ့ တွဲကားကို Hiace အံစာတုံးကားက နောက်ကနေ ဝင်တိုက်ခဲ့လို့ ကားသမား ညပ်နေခဲ့ပါတယ်။
ညနေ ၃ နာရီခွဲလောက်မှာ မနက်က ယာဉ်တိုက်မှုဖြစ်ထားတဲ့ကားကို ကရိန်းနဲ့သယ်ယူနေစဉ် လမ်းပိတ်ထားတဲ့အတွက် မှန်လုံးကားတစီးက လမ်းဘေးချရပ်ထားပြီး မှန်လုံအနောက်က ဆိုင်ကယ်ကို ၁၂ ဘီးယာဉ် ဝင်တိုက်မှုဖြစ်ပြီး ကားနှစ်စီးကြားညပ်ကာ ဆိုင်ကယ်သမား နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။
“မနေ့က ယာဉ်တိုက်မှုဖြစ်ထားတဲ့နေရာမှာ လမ်းပိတ်ထားတော့ မှန်လုံက လမ်းဘေးမှာ ရပ်ထားတာ။ မှန်လုံအနောက်က ဆိုင်ကယ်ကို ၁၂ ဘီးကားက ဝင်တိုက်တာပါ။ ညပ်နေတဲ့ ကားသမားကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲ ရခဲ့ပါတယ်” လို့ ကူညီခဲ့တဲ့ ပရဟိတသမားက ပြောပါတယ်။
သေဆုံးသွားတဲ့ ဆိုင်ကယ်မောင်းအမျိုးသားဟာ ခရီးသွားတဦးဖြစ်ပြီး မြဝတီဆေးရုံကြီးမှာ အလောင်းကိုထားရှိကာ မိသားစုနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားနေပါတယ်။