Home
မြန်မာသတင်း
ရန်ကုန်တွင် ပန်းပန်သူ၊ ပန်းဝယ်သူ အမျိုးသမီး ၅၀ နီးပါး ဖမ်းဆီးခံရ
DVB
·
June 19, 2023
347642203_10159502768297913_7644960605552195581_n (1)

ရန်ကုန်တိုင်းအတွင်းရှိ ပန်းပဲတန်း၊ မင်္ဂလာဒုံ၊ ထောက်ကြန့်၊ လှိုင်သာယာ၊ ကမာရွတ်နဲ့ တာမွေမြို့နယ်တို့မှာ ဒီနေ့ ပန်းဝယ်သူ အမျိုသမီး ၅၀ နီးပါး ဖမ်းဆီးခံရတယ်လို့ အဆိုပါမြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ဟာ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ပွဲဖြစ်လို့ ပန်းသပိတ်ပြုလုပ်မှာကြောက်ပြီး ပန်းပန်သူ ရွှေဆိုင်ဝန်ထမ်းတွေ၊ စျေးသည်တွေ၊ ပန်းဝယ်သူတွေကို စစ်ကောင်စီနဲ့ရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

"ဒီနေ့ညနေပဲ မဟာဗန္ဓုလလမ်းနဲ့ ၂၉ လမ်းက သမာဓိ ရွှေဆိုင်ဝန်ထမ်းတွေကို နှင်းဆီပန်းပန်လို့ဆိုပြီး ဖမ်းသွားတယ်၊ အားလုံး ၁၃ ယောက် ထွေအုပ်မှာ စစ်နေတယ်လို့ အသံကြားတယ်" လို့ ပြောပါတယ်။

မဂ်လာဒုံမြိုနယ် ထောက်ကြန့်မြို့ ရတနာသီရိစျေးအတွင်းမှာ ဒီနေ့ မနက် ၁၁ နာရီက ပန်းပန်ထားတဲ့ စျေးသည် ၁၈ ယောက်ကို စစ်ကောင်စီတပ်နဲ့စည်ပင်က လာရောက်ဖမ်းဆီးသွားတယ်လို့ စျေးသည်တဦးက ဒီဗွီဘီကို ပြောပါတယ်။

"ကြက်သားသည်ရော၊ ပန်ရောင်းတဲ့သူတွေရော အကုန်ဖမ်းသွားတာ၊ စည်ပင်ရုံးမှာ စစ်နေတယ်လို့ကြားတယ် ပြန်လွှတ်လား မလွှတ်လားတော့ မသိဘူး။" 

အလားတူပင် မဂ်လာဒုံမြို့နယ် ရွှေနံ့သာရပ်ကွက် ပတ္တမြားဈေးအတွင်းမှာ ဆိုင်းဘုတ်ကိုင်ကာ ပန်းကြဲပြီး ဆန္ဒပြနေတဲ့ အမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် လှိုင်သာယာ၊ ကမာရွတ်နဲ့ တာမွေမြို့နယ်တို့မှာလည်း နှင်းဆီပန်းပန်လို့ ဖမ်းဆီးခံရသူနဲ့ ပန်းဝယ်လို့ ဖမ်းဆီးခံရသူ အယောက် ၂၀ နီးပါးရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ဖြစ်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပန်းသပိတ်မလုပ်အောင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားပြီး ပြည်သူအများစုက မြေပြင်သပိတ်နဲ့ လူမှုကွန်ရက်သပိတ်တွေကို ဆင်နွှဲနေတာဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ မည်သည့်ပန်း အမျိုးအစားကိုမဆို အသုံးပြုပြီး လုံခြုံရေး မထိခိုက်စေတဲ့ ပုံစံနဲ့ ပန်းသပိတ်မှာ ပါဝင်ပေးဖို့ နှိုးဆော်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024