Home
သတင်းဓာတ်ပုံ
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့  မဲဆောက်မြို့တွင် ပန်းသပိတ်ပြုလုပ် (ဓာတ်ပုံ)
DVB
·
June 19, 2023
181525-US-dollars-730x365
354468104_3667874743443323_3115274351312844314_n
355163987_3667874733443324_831720787078790155_n
355123534_3667874843443313_7770951250655908803_n
355099694_3667874813443316_5843190865124340381_n
355220191_3667874766776654_6031480710700356122_n-1
354459270_3667874723443325_5296586155387493519_n
355083706_3667874696776661_8691899330780425991_n

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်မဲဆောက်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန် ၁၉ ရက် ဒီကနေ့ကျရောက်တဲ့ ၇၈ နှစ်ပြည့် မွေးနေ့ကို ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေနဲ့အတူ ဒုက္ခသည်တွေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

မဲဆောက်မြို့ စျေးထဲမှာ ပန်းသည်တွေ ယခင်ကထက်ပိုများနေပြီး အလကားနီးပါးလည်း ပေးဝေနေသလို ရောင်းသူတွေရဲ့ခေါင်းတွေမှာလည်း ပန်းသပိတ်အဖြစ် ပန်းမျိုးစုံကိုပန်ထားကြပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ပါစေကြောင်း ပန်းရောင်းသူ ရွှေ့ပြောင်း မြန်မာနိုင်ငံသားတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဒီနေ့က အမေစုရဲ့မွေးနေ့လေ၊ ကျမတို့ ပန်းရောင်းသူတွေ ပုံမှန်ထက်လည်း ရောင်းကောင်းတယ်၊ တတ်နိုင်တဲ့သူတွေက ပန်းတွေအလကားဝေပါတယ်၊ အမေအကျဥ်းခန်းမှာ အနာမဲ့ပြီးကျန်းမာပါစေ လို့ ကျမတို့တွေ နေ့တိုင်းဆုတောင်းနေပါတယ်ရှင်။" 

စစ်တပ်ရဲ့မတရားဖမ်းဆီး အကျဥ်းချခံထားရတဲ့ နိုင်ငံတောင်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက် မွေးနေ့ ပန်းသပိတ်ကို မဲဆောက်မြို့ထဲကို ထွက်ပြေးတိမ်းရှောင်လာရတဲ့ ဒီမိုကရေစီအရေးတတ်ကြွလှုပ်ရှားသူတွေလည်း ပါဝင်ခဲ့ကြပြီး အမျိုးသမီးတဦးက ပြောပါတယ်။

"ဒီနေ့က အမေစုရဲ့ ၇၈ နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်၊ ကျမကိုယ်တိုင် နေမကောင်းပေမဲ့ ဒီနေ့မှာ အစောကြီးထတယ်၊ ဘုရားရှိခိုးတယ်၊ ပန်းပန်ပြီး ပန်းသပိတ်မှာ ပါဝင်ပါတယ်။ အမေအမြန်ဆုံး လွတ်မြောက်ပါစေ၊ အရေးတော်ပုံကြီးလည်း အောင်တော့မှာပါရှင်၊ တိုက်ပွဲဝင်ရဲဘော်တွေလည်း ကျန်းမာဘေးကင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။" 

မဲဆောက်မြို့က မြန်မာတွေနေထိုင်တဲ့ အိမ်တွေ၊ စျေးဆိုင်ခန်းတွေမှာ ပန်းတွေကို အလှဆင်ထားကာ ပန်းသပိတ်ကို ပါဝင်ဆင်နွှဲနေကြပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အဖြစ် မြန်မာတွေ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တချို့မှာလည်း အာဟာရ အလှူ ကျွေးမွေးတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024